Knowledge-sharing

Offer面談ဆိုတာဘာလဲ?

Offer 面談ကနောက်ဆုံးအင်တာဗျူးအောင်ပြီးနောက်၊ ကုမ္ပဏီဘက်က အလုပ်ခန့်ချင်တယ်ဆိုပြီး 内定(ないてい)ထုတ်ပေးလိုက်ပြီးတဲ့နောက်မှာပြုလုပ်တဲ့ မန်းဒန်းဖြစ်ပါတယ်။
※内定ဆိုတာကတော့ အလုပ်ခန့်ချင်ကြောင်းတရားဝင်ထုတ်ပေးတာကိုပြောတာ။အလုပ်ဝင်ရမယ့်ရက်တို့ လစာစတဲ့ အရေးကြီးတဲ့အကြောင်းအရာတွေကို ရေးထားတဲ့ စာရွက်ကို 内定通知書လို့ခေါ် ပါတယ်။

🌸Offer面談မှာတော့
●လစာ/年収စတဲ့ 雇用条件နဲ့ပတ်သက်ပြီးရှင်းပြတာတို့၊
●ကုမ္ပဏီကိုဝင်ချင်စိတ်ရှိမရှိ 確認လုပ်တာတို့၊
●မရှင်းလင်းတာရှိရင်ဖြေပေးတာတို့ စတဲ့ အကြောင်းအရာတွေကို ပြုလုပ်ပါတယ်။

🌸Offer 面談မှာဘာတွေမေးသင့်လဲ?
ရှင်းပြပေးလာတဲ့ 雇用条件ထဲမှာနားမလည်တာတွေအပြင်အင်တာဗျူးမှာအရမ်းမေးရင်မကောင်းတဲ့မေးခွန်းတွေကို Offer面談မှာမေးလို့ရပါတယ်။
ဥပမာ- အချိန်ပိုရှိမရှိတို့ / လစာတိုးတို့ / 転勤ရှိမရှိတို့ /
ကုမ္ပဏီဘက်က ရှင်းပြလာပေးတဲ့ 年収အပေါ် မှာမှ ထပ်တိုးမေးချင်တာတို့ / 評価制度နဲ့ပတ်သက်ပြီးလည်းမေးလို့ရပါတယ်။

🌸Offer 面談ဝင်မယ့်သူများအတွက် မှတ်ထားသင်တဲ့အကြောင်းအရာလေးတွေ။ ။
✅Offer面談က အအောင်အကျစစ်တာမဟုတ်ဘဲ အင်တာဗျူးအောင်ပြီးသားသူကိုပဲ ကုမ္ပဏီဘက်က သတ်မှတ်ထားတဲ့ 雇用条件စတာတွေရှင်းပြပေးတာဖြစ်ပါတယ်။

✅Offer面談မလုပ်ဘဲ 内定通知書တင်ထုတ်ပေးတဲ့ကုမ္ပဏီလည်းရှိပါတယ်။内定通知書ကိုကြည့်ပြီး ကိုယ့်ဘက်က သိပ်နားမလည်တာ / သိပ်မရှင်းတာမျိုးရှိရင် Offer面談လုပ်ပေးဖို့ တောင်းဆိုလို့ရပါတယ်။

✅Offer面談ပြီးတာနဲ့အလုပ်ဝင်မယ်မဝင်ဘူးကိုတန်းပြီးအဖြေပေးစရာမလိုပါဘူး။ ကုမ္ပဏီဘက်ကနေလည်းဒီရက်ကိုနောက်ဆုံးထားပြီးဖြေပေးနော် လို့ပြောတာမျိုးရှိနိုင်သလို ဒီရက်မှာဖြေပေးလို့ရမလားဆိုပြီး တိုင်ပင်ကြည့်လို့ရပါတယ်။ တော်တော်များများကုမ္ပဏီတွေကတော့ ၁ပတ်စောင့်ပေးကြာတာများတယ်။

နောက်ပို့စ်တွေထဲမှာလည်း ဂျပန်အလုပ်အကိုင်နဲ့ပတ်သက်ပြီး ဗဟုသုတရစရာလေးတွေ ထပ်ဝေမျှပေးသွားမယ်နော်…..

======================
🌸🌸🌸Career Linkမိတ်ဆက်🌸🌸
အရင်ဆုံး အလုပ်အကိုင်အကြောင်းဆွေးနွေးလိုပါက Career Link (FB offical page)မှာ သွားရောက်စုံစမ်းနိုင်ပါတယ်..
🔴Facebook Official Page
🔴CAD Design Engineer အလုပ်ခေါ်စာများ
🔴Site Manage Engineer အလုပ်ခေါ်စာများ

အောက်ကမေးလ်ကို CV form ပေးပို့ လျှောက်ထားနိုင်ပါတယ်..
info@careerlink02.com

✨✨✨✨✨✨✨✨
Process
အရင်ဆုံး Career Advisorနဲ့မန်းဒန်းဝင်ကြည့်ပြီးနောက်မှာ Support စမှာဖြစ်ပါတယ်။
入社အထိ အစ-အဆုံး မိတ်ဆက်ခအခမဲ့ဖြစ်ပါတယ်။

✨✨✨✨✨✨✨✨
နေ့တိုင်း အလုပ်အကိုင်ရှာဖွေနေတဲ့သူတွေအတ္ငက် Career Meeting လုပ်ပေးနေပါတယ်။ Career Adviosrနဲ့အတူ မိမိ Careerလမ်းကြောင်းနဲ့ပတ်သက်ပြီးလည်းလာရောက်ဆွေးနွေးနိုင်ပါတယ်…
✅JLPT N3 နဲ့ အထက်
✅ဂျပန်ပြည်တွင်းနေထိုင်သူ
✅IT / CAD / Site Engineer‌အနေနဲ့ လုပ်ငန်းအတွေ့အကြုံ ၁နှစ်နှင့်အထက်
ရှိသူများ အလုပ်အကိုင်မိတ်ဆက်ပေးလျှက်ရှိပါတယ်ရှင့်

コメント