Knowledge-sharing

雇用保険ကဆောင်တာ ဘာအကျိုးကျေးဇူးတွေရှိလဲ??

သိပြီးကြပြီလား???
ဂျပန်မှာ 雇用保険(အလုပ်အာမခံ)ဆောင်ထားတာ အကျိုးကျေးဇူးတွေ အများကြီးရှိတယ်….
ဒီနေ့တော့ ဂျပန်မှာ အလုပ်လုပ်နေတဲ့သူတွေ ဆောင်ကြရတဲ့雇用保険လို့ခေါ်တဲ့ အလုပ်အာမခံဝင်ထားရင် ဘာအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီးဆွေးနွေးပေးသွားမယ်နော်…
အရင်ဆုံး 雇用保険က အောက်က အချက်နှစ်ချက်နဲ့ပြည့်မှီတဲ့သူဆိုရင် မဖြစ်မနေ ဝင်ရတာဖြစ်ပါတယ်…
🔵တစ်ပတ်နာရီ ၂၀ နှင့်အထက် အလုပ်လုပ်သူ
🔵ကုမ္ပဏီမှာ ရက်ပေါင်း 31ရက်ကျော် အလုပ်လုပ်ဖို့ အစီအစဉ်ရှိတဲ့သူ
※Notes※
🙆‍♀️🙆‍♀️雇用保険ဝင်ပေးတာကတော့ ကုမ္ပဏီက ဝင်ပေးတာဖြစ်ပြီး ကျခံတာကတော့ ကုမ္ပဏီရော /အလုပ်လုပ်သူ ကိုယ်တိုင်ပါ ကျခံရတာဖြစ်ပါတယ်…
🙆‍♀️🙆‍♀️単発雇用လိုမျိုး  ၃၁ရက်မပြည့်ဘဲခနတာဘဲ (တစ်ရက်/ တစ်ပတ်လောက်ပဲ) လုပ်ခန့်မှာဆိုရင်တော့ ဝင်စရာမလိုပါဘူး။
🙆‍♀️🙆‍♀️နောက်ပြီး アルバイトလုပ်တဲ့သူပဲဖြစ်ပါစေ အပေါ်အချက်နှစ်ချက်နဲ့ပြည့်မှီတယ်ဆိုရင်မဖြစ်မနေဝင်ရပါတယ်..
====================
အိုကေ ဒါဆိုရင် ဝင်ထားရင် ဘာတွေ အကျိုးရှိနိုင်လဲဆိုတာကိုပြောပေးပါမယ်..
အများကြီးထဲမှာမှ လက်တွေ့ အသုံးများနိုင်တဲ့ အရာလေးတွေကို ရွေးပြီးပြောပြသွားပေးမယ်နော်…
No(1) 🌸🌸失業手当(しつぎょうてあて)လျှောက်လို့ရမယ်
အလုပ်ထွက်ပြီး အလုပ်ရှာနေတဲ့အချိန်မှာ ထောက်ပံ့ကြေးယူတာဖြစ်ပြီး 雇用保険(1年(または)6ヶ月ဆောင်ထားရင် စပြီးသုံးလို့ရပြီ။
သတ်မှတ်ချက်လေးတွေက ရှုပ်တဲ့အတွက် အသေးစိတ်ကို သိချင်ရင်တော့ ဒီပို့စ်ရဲ့အောက်မှာ စုVideoနဲ့ရှင်းထားတာရှိတဲ့အတွက်အဲ့ဒါ‌လေးကိုသွားကြည့်နော်…
Helloworkမှာကိုယ်တိုင်သွားလျှောက်လို့ရပါတယ်…
====================
No(2)🌸🌸再就職手当(さいしゅうしょくてあて)လျှောက်လို့ရမယ်
さいしゅうしょくてあてကတော့ しつぎょうてあてယူလို့ရတဲ့သူတွေအတွက် စောပြီး အလုပ်ရသွားတဲ့အခါမှာ  お祝い金လိုပုံစံမျိုးနဲ့ ပေးတာဖြစ်ပါတယ်…
Helloworkမှာကိုယ်တိုင်သွားလျှောက်လို့ရပါတယ်…
သူကလည်း No(1) လိုပဲ အသေးစိတ် သတ်မှတ်ချက်‌လေးတွေ ရှိတဲ့အတွက် အသေးစိတ်ကိုတော့ ၃လပိုင်း လအစလောက်မှာ Videoတင်ပေးဖို့ ရှိပါတယ်…
====================
No(3)教育訓練給付金(きょういくくんれん-きゅうふきん)
資格(လက်မှတ်) ယူဖို့အတွက် 厚生労働大臣က အသိအမှတ်ပြုထားတဲ့ 教育訓練(သင်ကြားရေး) ပြီးသွားတဲ့အခါမှာ ပေးချေထားတဲ့ သင်ကြားစရိတ်ရဲ့ တစ်စိတ်တစ်ပိုင်းကို နိုင်ငံက ထောက်ပံ့ပေးတာဖြစ်ပါတယ်….
Helloworkမှာကိုယ်တိုင်သွားလျှောက်လို့ရပါတယ်…
====================
No(4) 育児休業給付金(いくじきゅうぎょう‐きゅうふきん)
ကလေးမွေးပြီးနောက်ကလေးပြုစုဖို့အတွက်အလုပ်ကအနားယူထားတဲ့အချိန်မှာထောက်ပံ့ပေးတဲ့စရိတ်ဖြစ်ပါတယ်…လက်ရှိရနေတဲ့လစာပေါ်မှာမူတည်ပြီးအခြေခံပြီးတွက်တာဖြစ်ပါတယ်…
ကုမ္ပဏီကနေတစ်ဆင့် Helloworkမှာသွားလျှောက်လို့ရပါတယ်…
====================
No(5) 介護休業給付金(かいごきゅうぎょう-きゅうふきん)
မိသားစုထဲမှာ 介護လုပ်ဖို့လိုလာတဲ့အခါ 介護လုပ်ပေးဖို့အတွက် အလုပ်ကိုနားတဲ့အခါမှာ ထောက်ပံ့ပေးတဲ့စရိတ်ဖြစ်ပါတယ်….
လက်ရှိရနေတဲ့လစာပေါ်မှာမူတည်ပြီးအခြေခံပြီးတွက်တာဖြစ်ပါတယ်…
ကုမ္ပဏီကနေတစ်ဆင့် Helloworkမှာသွားလျှောက်လို့ရပါတယ်…ကဲဒီနေ့တော့ ဒီလောက်ပဲနော်..
See you !!
======================
🌸🌸🌸Career Linkမိတ်ဆက်🌸🌸
အရင်ဆုံး အလုပ်အကိုင်အကြောင်းဆွေးနွေးလိုပါက Career Link (FB offical page)မှာ သွားရောက်စုံစမ်းနိုင်ပါတယ်..
🔴Facebook Official Page
🔴CAD Design Engineer အလုပ်ခေါ်စာများ
🔴Site Manage Engineer အလုပ်ခေါ်စာများ

အောက်ကမေးလ်ကို CV form ပေးပို့ လျှောက်ထားနိုင်ပါတယ်..
info@careerlink02.com

✨✨✨✨✨✨✨✨
Process
အရင်ဆုံး Career Advisorနဲ့မန်းဒန်းဝင်ကြည့်ပြီးနောက်မှာ Support စမှာဖြစ်ပါတယ်။
入社အထိ အစ-အဆုံး မိတ်ဆက်ခအခမဲ့ဖြစ်ပါတယ်။

✨✨✨✨✨✨✨✨
နေ့တိုင်း အလုပ်အကိုင်ရှာဖွေနေတဲ့သူတွေအတ္ငက် Career Meeting လုပ်ပေးနေပါတယ်။ Career Adviosrနဲ့အတူ မိမိ Careerလမ်းကြောင်းနဲ့ပတ်သက်ပြီးလည်းလာရောက်ဆွေးနွေးနိုင်ပါတယ်…
✅JLPT N3 နဲ့ အထက်
✅ဂျပန်ပြည်တွင်းနေထိုင်သူ
✅IT / CAD / Site Engineer‌အနေနဲ့ လုပ်ငန်းအတွေ့အကြုံ ၁နှစ်နှင့်အထက်
ရှိသူများ အလုပ်အကိုင်မိတ်ဆက်ပေးလျှက်ရှိပါတယ်ရှင့်

コメント