ဂျပန်နိုင်ငံမှာအလုပ်ရှာ /အလုပ်ပြောင်းလုပ်တဲ့အခါ မဖြစ်မနေလိုအပ်တဲ့ 職務経歴書
အလုပ်ရှာချင်တဲ့သူတွေအတွက် Career 面談လုပ်ပေးတဲ့အခါမှာ 履歴書(CV form)တစ်မျိုးတည်းပြင်ထားတာလေးတွေ တွေ့ရတယ်… အမကတော့ အလုပ်မိတ်ဆက်ပေးဖို့ လာမေးတဲ့သူတိုင်းကို ဂျပန်မှာဖြစ်ဖြစ် မြန်မာမှာဖြစ်ဖြစ်လုပ်ငန်းအတွေ့အကြုံရှိခဲ့ရင် 履歴書(CV) နဲ့အတူ 職務経歴書ပါတောင်းပါတယ်။
ဒီနေ့တော့ CV form နဲ့အတူ ကြိုပြီးပြင်ထားသင့်တဲ့ 職務経歴書နဲ့ပတ်သက်ပြီးပြောပြပါမယ်။
CV ကိုတော့ အားလုံး သိပြီးသားရင်းနှီးပြီးသားဖြစ်ပေမယ့် 職務経歴書ကိုကတော့ သိပ်ပြီးတော့ မရေးတတ်တာ / ဘယ်လိုပုံစံမျိုးရေးရမှန်းမသိသေးတဲသူလေးတွေရှိတဲ့အတွက် ဒီစာလေးကို ရေးဖြစ်သွားတာပါ။
➩➩➩➩➩➩➩➩➩➩➩➩➩➩➩➩➩➩➩➩➩➩➩➩➩
職務経歴書စပြီးမရေးခင်CVနဲ့မတူတာက CVမှာ သတ်မှတ်ထားတဲ့ Format ရှိတယ်။職務経歴書မှာတော့ သတ်မှတ်ထားတဲ့Format မျိုး မရှိပါဘူး။ လွတ်လွတ်လပ်လပ်ရေးလို့ရပါတယ်။
တစ်ချို့ HRတွေဆိုရင်ပြောကြတယ်။ CV ဖောင်ကိုသေချာမဖတ်ဖြစ်ဘူး။ 職務経歴書ကိုပဲ အချိန်ပေးပြီးဖတ်ဖြစ်တယ်ဆိုပြီးပေါ့ ။အဲ့လောက်အထိကိုအရေးကြီးပါတယ်။
職務経歴書ရေးတာအဆင်မပြေရင် 書類選考(ဖောင်ရွေးတာတင်)မှာတင်ပဲကျတတ်တာမလို့ သေချာဂရုစိုက်ပြီးရေးဖို့လို့ပါတယ်။
အလုပ်မှာ ကောင်းကောင်းလုပ်နိုင်ပါရက်နဲ့ ဖောင်လေးတစ်ခုနဲ့ကျသွားတာ အရမ်းနှမြောဖို့ ကောင်းပါတယ်…
—————————————အရင်ဆုံး 職務経歴書ဆိုတာဘာလဲ?
ကိုယ့်ရဲ့ 職歴(အလုပ်အကိုင်နောက်ခံBackground)ကို ပြောပြပေးပါတယ်။
အကျဥ်းချုပ်ပြီးပြောရမယ်ဆိုရင်တော့ အရင်အလုပ်မှာ ဘယ်နှစ်ခုနှစ်ကနေ ဘယ်နှစ်ခုနှစ်အထိ / ဘာအလုပ်တွေကို / ဘာတာဝန်နဲ့ ဘာSkillတွေကိုအသုံးချပြီးလုပ်ကိုင်ခဲ့တယ်
စတာတွေကိုရေးသားရတာပါ။
အရင်က အလုပ်အတွေ့အကြုံရှိဖူးတဲ့သူတွေ / အရင်က အလုပ်အတွေ့အကြုံ ကိုအသုံးချပြီး အလုပ်ဆက်ရှာချင်တဲ့သူတွေ အလုပ်ပြောင်းတဲ့အခါ မဖြစ်မနေလိုအပ်ပါတယ်။ဒါဆို 職務経歴書မှာ ဘာ項目တွေထည့်ရေးသင့်လဲ ?
အပေါ်မှာပြောခဲ့သလို့ပဲ CV Form နဲ့မတူဘဲ 職務経歴書မှာတော့ သတ်မှတ်ထားတဲ့ Formatမရှိဘူး။ ကိုယ်ရေးချင်တဲ့ပုံစံနဲ့ဖော်ပြလို့ရတယ်။
ဒါပေမယ့် ဘယ်လိုအကြောင်းအရာလေးတွေကို ရေးသင့်တယ်ဆိုတာကတော့ ရှိပါတယ်။ ဘာအကြောင်းအရာလေးတွေ(項目)ကို ထည့်ရေးသင့်သလဲဆိုတာနဲ့ပတ်သက်ပြီး ဒီနေ့ရာမှာ ပြောပြပေးပါမယ်။
—————————————
(1)職務要約
ဒါကတော့ စာ၅ကြောင်းစာလောက်နဲ့ ကိုယ့်ရဲ့အလုပ်အတွေ့အကြုံကို まとめလုပ်ပေးရတာပါ။
တတ်နိုင်သလောက် နောက်အလုပ်မှာ အသုံးဝင်နိုင်မယ့်အလုပ်ကို အကျဥ်းချုံးပြီး ရေးတာ ကိုအားပေးပါတယ်။
—————————————
(2)職務経歴(詳細)
ဒါကတော့ ကုမ္ပဏီတစ်ခုချင်းစီရဲ့ အလုပ်အတွေ့အကြုံကိုအသေးစိတ် ဖော်ပြရတဲ့နေရာဖြစ်ပါတယ်။ ကုမ္ပဏီ သုံးခုမှာ အတွေ့အကြုံ ရှိခဲ့တယ်ဆိုရင် သုံးခုစာ ရေးပေးရပါတယ်။
အဲ့ဒီအထဲမှာ
◎期間(ကုမ္ပဏီမှာဘယ်နှစ်ခုနှစ် / ဘယ်နှစ်လပိုင်းအထိလုပ်ခဲ့လဲ ? ) 、
◎会社名(ဘယ်ကုမ္ပဏီမှာလဲ ? )
◎担当業務 (ဘာတာဝန်တွေကို လုပ်ဆောင်ခဲ့ရတာလဲ ? )
◎役職 (ဘယ်လိုရာထူးနဲ့လုပ်ခဲတာလဲ ? )
စတာတွေထည့်ပေးဖို့လိုပါတယ်။ ဒီထက်ပိုထပ်ထည့်ချင်ရင်လည်းထပ်ထည့်လို့ရပါသေးတယ်။
—————————————
(3)活かせるスキル・技術・資格・知識
ဒါကတော့ ကိုယ်မှာဘာ Skill တွေရှိပြီး/ ဘယ်လို လက်မှတ်တွေရှိတယ်/ ဘာအကြောင်းအရာတွေကိုသိတယ်စတာတွေကို ရှင်းရှင်းလင်းငလင်းနဲ့သိရအောင် まとめပေးရတဲ့နေရာဖြစ်ပတယ်။
—————————————
(4)自己PR
ဒါက CV ဖောင်ထဲမှာလည်း ရေးရတဲ့နေရာပါပါတယ်။ CVဖောင်မှာနေရာကျဥ်းတဲ့အတွက် ကိုယ့်အကြောင်း ရေးထားတာ မလောက်သေးဘူး။ ကျန်နေသေးတယ်။ဒီထက်ပိုပြီး ရေးပြချင်သေးတယ်။ အဲ့ဒီလိုအခြေအနေမျိုးမှာ ထပ်ပေါင်းရေးချင်တဲ့ အခါမှာ သုံးလို့ရတဲ့ 項目ဖြစ်ပါတယ်။職務経歴ရဲ့အားသားချက်ကိုက ဘယ်နှစ်မျက်နှာပဲရေးရမယ်ဆိုပြီး ကန့်သတ်ထားတာမျိုး မရှိပါဘူး။ ဒါကြောင့် CVဖောင်မှာ မထည့်လိုက်ရတဲ့情報တွေကို ထည့်လို့ရပါတယ်။
ဒီနေ့တော့ ဒီလောက်ပဲနော်… Thank you !
See you





အရင်ဆုံး အလုပ်အကိုင်အကြောင်းဆွေးနွေးလိုပါက Career Link (FB offical page)မှာ သွားရောက်စုံစမ်းနိုင်ပါတယ်..
🔴Facebook Official Page
🔴CAD Design Engineer အလုပ်ခေါ်စာများ
🔴Site Manage Engineer အလုပ်ခေါ်စာများ
အောက်ကမေးလ်ကို CV form ပေးပို့ လျှောက်ထားနိုင်ပါတယ်..
info@careerlink02.com
✨✨✨✨✨✨✨✨
Process
အရင်ဆုံး Career Advisorနဲ့မန်းဒန်းဝင်ကြည့်ပြီးနောက်မှာ Support စမှာဖြစ်ပါတယ်။
入社အထိ အစ-အဆုံး မိတ်ဆက်ခအခမဲ့ဖြစ်ပါတယ်။
✨✨✨✨✨✨✨✨
နေ့တိုင်း အလုပ်အကိုင်ရှာဖွေနေတဲ့သူတွေအတ္ငက် Career Meeting လုပ်ပေးနေပါတယ်။ Career Adviosrနဲ့အတူ မိမိ Careerလမ်းကြောင်းနဲ့ပတ်သက်ပြီးလည်းလာရောက်ဆွေးနွေးနိုင်ပါတယ်…
✅JLPT N3 နဲ့ အထက်
✅ဂျပန်ပြည်တွင်းနေထိုင်သူ
✅IT / CAD / Site Engineerအနေနဲ့ လုပ်ငန်းအတွေ့အကြုံ ၁နှစ်နှင့်အထက်
ရှိသူများ အလုပ်အကိုင်မိတ်ဆက်ပေးလျှက်ရှိပါတယ်ရှင့်
コメント