Knowledge-sharing

CV ထဲမှာ 志望動機ဘယ်လိုရေးကြမလဲ ??

ဒီနေ့တော့志望動機ရေးနည်းအကြောင်းကိုပြောပြပေးမယ်နော်…….

★★志望動機ဆိုတာဘာလဲ ?
ဒီအလုပ်ကို ဘာကြောင့်လုပ်ချင်လဲ? ဒီကုမ္ပဏီကိုဘာကြောင့်ဝင်ချင်တာလဲ ?
ဆိုတာကိုပေါ် လွင်အောင်ရေးရတဲ့နေရာဖြစ်ပါတယ်။志望動機ကိုဖတ်ကြည့်ပြီးအလုပ်‌လျှောက်တဲ့သူ အလုပ်ဝင်ဖို့ ဘယ်လောက်စိတ်အားထက်သန်လဲဆိုတာကို ကြည့်တဲ့ အတွက် အရမ်းအရေးပါပါတယ်…
နောက်ပြီး CVဖောင်မှာကောင်းကောင်းပြင်ထားရင် အင်တာဗျူးမှာမေးတဲ့ အတွေက်လည်းပြင်ဆင်ပြီးသားရပါတယ်…

➡➡➡➡➡➡➡➡➡
★★志望動機ကို ဘယ်လိုရေးကြမလဲ ?
အချက် (၃) ချက်နဲ့ ရေးနိုင်ပါတယ်။
———————————————
နံပါတ်(၁) ကိုယ်အဲ့ဒီကုမ္ပဏီမှာ အလုပ်ဝင်ဖြစ်ရင် ဘာအလုပ်လုပ်ချင်တယ်ဆိုတဲ့အကြောင်း။
———————————————
ဒီစာကြောင်းကို နောက်ဆုံးမှရေးခိုင်းတာလဲတွေ့ရတယ်။ဒါပေမယ့် ကိုယ်လုပ်ချင်တဲ့အလုပ် ကိုအရင်ပြောပြထားလိုက်တာကMiss-matchingကို ကာကွယ်ရာလည်းရောက်တယ်။လုပ်ချင်တဲ့အလုပ်နဲ့ ကုမ္ပဏီဘက်ကခန့်မယ့်Positionက မတူရင် နှစ်ဦးနှစ်ဖက်အချိန်ကုန်တာပဲရှိတာဆိုတော့အရင်ဆုံးကိုယ်ကဒီအလုပ်လုပ်ချင်တာပါဆိုပြီးတစ်ခါတည်းပြောပြထားတာကောင်းပါတယ်။
———————————————
နံပါတ်(၂) အရင်အလုပ် ကနေ ရခဲ့တဲ့ လုပ်ငန်းအတွေ့အကြုံ / Skill တွေ အကြောင်းကို ပြောပြမယ်။
———————————————
ပြောပြတဲ့အခါမှာကိုယ့်ရဲ့ Skillတွေကိုတန်းစီပြီးရေးလိုက်တာမျိူး မဟုတ်ဘဲ ကိုယ့်ရဲ့ Skill နဲ့တွေ့အကြုံတွေက နံပါတ်(၁)မှာပြောခဲ့တဲ့ကိုယ်လုပ်ချင်တဲ့အလုပ်ကိုယ်ဘယ်လို အသုံးဝင်နိုင်ကြောင်းပါ တစ်ခါတည်းပြောပြတာကောင်းပါတယ်။ဒါမှသာအကျိုးအကြောင်းဆီလျော်ပြီးဖတ်တဲ့သူကို なるほどဆိုပြီးဖြစ်စေမှာပါ။
နံပါတ်(၁)ကိုယ်က ဘာလုပ်ချင်တယ်/
နံပါတ်(၂)အဲ့ဒီလုပ်ချင်တဲ့အလုပ်ကိုလုပ်ဖို့ Skill နဲ့ အတွေ့အကြုံလည်းရှိတယ်။
ဆိုတဲ့အကြောင်းပြောပြီးပြီဆိုရင်
———————————————
နံပါတ်(၃)အကယ်၍ကိုယ့်ကိုခန့်ပြီး ကုမ္ပဏီကိုဝင်ပြီဆိုရင် အလုပ်လျှောက်မယ့်ကုမ္ပဏီမှာ ဘယ်လိုမျိုးအကျိုးဖြစ်ထွန်းနိုင်ပါတယ်ဆိုတဲ့အကြောင်းရေးမယ်။
———————————————
ဒါကိုရေးရတဲ့အကြောင်းကလည်းအရမ်းရိုးရှင်းပါတယ်။ကုမ္ပဏီ အလုပ်ခန့်ချင်/မခန့်ချင် ၊ အင်တာဗျူးကြည့်ချင် /မကြည့်ချင် ဆုံးဖြတ်တဲ့အခါ ( HRကလူတစ်ယောက်ကိုရွေးတဲ့အခါမှာ ) ကိုယ့်ကုမ္ပဏီအတွက် ဘယ်လောက်တောင်အကျိုးရှိမလဲဆိုတာကို အရင်ကြည့်ပါတယ်။
ဒါကြောင့် သူတို့အတွက်ကိုယ်ဟာ ဘယ်လောက် လိုအပ်တဲ့လူတစ်ယောက်ဖြစ်ပါတယ်ဆိုတဲ့အကြောင်းသိသာအောင်ရေးသားရတာဖြစ်ပါတယ်။

※※မှတ်ချက်※※
志望動機ရေးတဲ့နေရာက CV ဖောင်မှာအရမ်းနေရာအကျယ်ကြီးလည်း ရှိတာမဟုတ်တဲ့အတွက် အများကြီးရေးစရာမလိုပါဘူး။ Skill တွေအများထဲကမှ တကယ်အသုံးဝင်နိုင်မယ့်Skill မျိုးကို ရွေးပြီးရေးတာတို့/ ကိုယ်လုပ်မယ့်အလုပ်အတွက်အသုံးဝင်မယ့် အကြောင်းအရာတွေကို ထိထိမိမိနဲ့ရွေးပြီးရေးတာကောင်းပါတယ်။

======================
🌸🌸🌸Career Linkမိတ်ဆက်🌸🌸
အရင်ဆုံး အလုပ်အကိုင်အကြောင်းဆွေးနွေးလိုပါက Career Link (FB offical page)မှာ သွားရောက်စုံစမ်းနိုင်ပါတယ်..
🔴Facebook Official Page
🔴CAD Design Engineer အလုပ်ခေါ်စာများ
🔴Site Manage Engineer အလုပ်ခေါ်စာများ

အောက်ကမေးလ်ကို CV form ပေးပို့ လျှောက်ထားနိုင်ပါတယ်..
info@careerlink02.com

✨✨✨✨✨✨✨✨
Process
အရင်ဆုံး Career Advisorနဲ့မန်းဒန်းဝင်ကြည့်ပြီးနောက်မှာ Support စမှာဖြစ်ပါတယ်။
入社အထိ အစ-အဆုံး မိတ်ဆက်ခအခမဲ့ဖြစ်ပါတယ်။

✨✨✨✨✨✨✨✨
နေ့တိုင်း အလုပ်အကိုင်ရှာဖွေနေတဲ့သူတွေအတ္ငက် Career Meeting လုပ်ပေးနေပါတယ်။ Career Adviosrနဲ့အတူ မိမိ Careerလမ်းကြောင်းနဲ့ပတ်သက်ပြီးလည်းလာရောက်ဆွေးနွေးနိုင်ပါတယ်…
✅JLPT N3 နဲ့ အထက်
✅ဂျပန်ပြည်တွင်းနေထိုင်သူ
✅IT / CAD / Site Engineer‌အနေနဲ့ လုပ်ငန်းအတွေ့အကြုံ ၁နှစ်နှင့်အထက်
ရှိသူများ အလုပ်အကိုင်မိတ်ဆက်ပေးလျှက်ရှိပါတယ်ရှင့်

コメント