Knowledge-sharing

🌸🌸CV Formရေးတဲ့အခါမှားတတ်တဲ့ ရေးပုံးလေးများ🌸🌸

အလုပ်လျှောက်တဲ့အခါမှာမဖြစ်မနေလိုတာကတော့ CV form ပါ။
ဒီတစ်ခေါက်ကတော့ CVဖောင်ရေးနည်းကိုပြောပြပေးမှာမဟုတ်ပါဘူး။
အောက်ကအချက်လေးတွေကိုနည်းနည်းသတိထားလိုက်တာနဲ့ CVဖောင်ရဲ့ Imageတက်လာနိုင်တဲ့အကြောင်းအရာလေးတွေကိုပြောပြပေးမှာဖြစ်ပါတယ်။

အောက်ကအချက်တွေကြောင့် CV အရွေးမခံရဘူး/မအောင်ဘူးဆိုတာတော့ မရှိပါဘူး။ဒါ‌ပေမယ့် နည်းနည်းလေး သတိထားလိုက်တာနဲ့ အင်တာဗျူးမှာ ကိုယ့်ရဲ့ Imageကိုပြောင်းစေတယ်ဆိုရင် အကောင်းဆုံးပဲမလား?

ーーーーーーーーーーーーーーーーーーーー

တော်တော်များများသတိမထားမိဘဲ ဖြစ်တတ်တဲ့ CVအရေးအသားလေးတွေ
နံပါတ်(၁)★နာမည်ကို တစ်ခြားFont size တွေနဲ့sizeအတူသုံးထားတာ။
နာမည်ရေးတဲ့နေရာက CVဖောင်မှာအရေးအကြီးဆုံနေရာဖြစ်ပါတယ်။
တစ်ခြားဘာမှမကြည့်သေးခင် အရင်ဆုံးကြည့်တာနာမည်နေရာဖြစ်ပါတယ်။ နာမည်ကိုမြင်တာနဲ့ထင်ထင်လင်းလင်းဖြစ်အောင် Bold တင်ပြီး font sizeကြီးကြီး ရေးထားဖို့လို့ပါတယ်။
နာမည်နေရာကို ဇိုင်းလျူးကဒ်ထဲကအတိုင်း အင်္ဂလိပ် အကြီးနဲ့ရေးပေးပြီး အပေါ်မှာ フリガナနဲ့နှစ်မျိုးရေးပေးတာ ကောင်းပါတယ်။
ーーーーーーーーーーーーーーーーーーーー

နံပါတ်(၂)★CV form ထဲမှာ Formatမျိုးစုံဖြစ်နေတယ်။
Formatကမျိုးစုံဖြစ်နေရင် သန့်ရှင်းသပ်ရပ်မှုအားနည်းစေပါတယ်။ ကိုယ်နှစ်သက်တဲ့ formatတစ်မျိုးကိုပဲသုံးပါ။နာမည်းကြီးတာကတော့ Mincho/ゴシックကို အသုံးများကြပါတယ်
ーーーーーーーーーーーーーーーーーーーー

နံပါတ်(၃)★CV ရဲ့ Date နေရာမှာ Updateမဖြစ်နေတာ။
cv ကို ဟိုအရင်ကတည်းက ရေးဖူးလို့ အဲ့ဒီcv ပဲပြန်သုံးဖြစ်တယ်။ တစ်ခြား အချက်အလက်တွေကိုတော့ Updateလုပ်လိုက်တယ်။ Dateနေရာပဲ ကွက်ပြီးမေ့ကျန်နေတတ်ပါတယ်။
Date ကို ကိုယ်ရေးတဲ့နေ မဟုတ်ဘဲ ကိုယ်CVကို ထပ်တဲ့နေ့ကိုထည့်ထားပေးတာကောင်းပါတယ်။
ーーーーーーーーーーーーーーーーーーーー

နံပါတ်(၄)★ です・ますကိုသုံးလိုက် / Dic form ကိုသုံးလိုက်လုပ်တာ။
ပြောချင်တာက နှစ်မျိုးထဲက တစ်ခုကိုပဲ သုံးတာကောင်းပါတယ်။
CV ထဲမှာ စာရှည်ရှည်ရေးရတဲ့နေရာရှိပါတယ်။ 自己PRလိုမျိုး / 志望動機လိုနေရာမျိုးပါ။ အဲ့ဒီနေရာမှာရေးတဲ့ အခါ です・ますနဲ့ပဲရေးမှာဆိုရင် です・ますနဲ့ပဲရေးတာကောင်းပါတယ်။ Dic formနဲ့ရေးမယ်ဆိုလည်း တောက်လျှောက် Dic formနဲ့ရေးတာကောင်းပါတယ်။
နှစ်မျိုးလုံးရောသုံးတာ အရေးအသားမသပ်ရပ်ဘူးလို့မြင်စေနိုင်လို့ပါ။ အပေါ် မှာပြောခဲ့သလိုပဲ ဒါကြောင့် မှားတာတို့ ဒါကြောင့်နဲ့ CVအရွေးမခံရတာတို့တော့ မရှိပါဘူး။ CVအရွေးခံရမလားဆိုတာကတော့ ကိုယ့် ရဲ့ Skill နဲ့ ပိုပြီးအများကြီးဆိုင်ပါတယ်။
ーーーーーーーーーーーーーーーーーーーー

နံပါတ်(၅)★PDF ဖိုင်ထဲမှာ ပေ့ချ်အလွတ်တွေ ပိုနေတာ။
CV form က သူရဲ့ formatကိုက Page 2 ရွက်ပဲရှိပါတယ်။
စာရွက်အလွတ်တွေ PDFထဲဝင်နေတာလည်းမကောင်းသလို့ စာကြောင်းလေးတစ်ကြောင်းပဲ ပေ့ချ် အသစ်မှာ ထွက်ပြီး ပိုနေတာတို့ မဖြစ်နေတာကောင်းပါတယ်။
ဒါကြောင့် Work / Excelကနေ PDFပြောင်းထဲအခါမှာ အနည်းငယ်သတိထားပြီး ပြောင်းပေးတာကောင်းပါတယ်။

ဒါကတော့ လော‌လောဆယ် အမခေါင်းထဲမှာ‌ပေါ်လာတဲ့ CVဖောင်မှာမှားတတ်တဲ့ အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်။

Thank you !
See you 🤗

======================
🌸🌸🌸Career Linkမိတ်ဆက်🌸🌸
အရင်ဆုံး အလုပ်အကိုင်အကြောင်းဆွေးနွေးလိုပါက Career Link (FB offical page)မှာ သွားရောက်စုံစမ်းနိုင်ပါတယ်..
🔴Facebook Official Page
🔴CAD Design Engineer အလုပ်ခေါ်စာများ
🔴Site Manage Engineer အလုပ်ခေါ်စာများ

အောက်ကမေးလ်ကို CV form ပေးပို့ လျှောက်ထားနိုင်ပါတယ်..
info@careerlink02.com

✨✨✨✨✨✨✨✨
Process
အရင်ဆုံး Career Advisorနဲ့မန်းဒန်းဝင်ကြည့်ပြီးနောက်မှာ Support စမှာဖြစ်ပါတယ်။
入社အထိ အစ-အဆုံး မိတ်ဆက်ခအခမဲ့ဖြစ်ပါတယ်။

✨✨✨✨✨✨✨✨
နေ့တိုင်း အလုပ်အကိုင်ရှာဖွေနေတဲ့သူတွေအတ္ငက် Career Meeting လုပ်ပေးနေပါတယ်။ Career Adviosrနဲ့အတူ မိမိ Careerလမ်းကြောင်းနဲ့ပတ်သက်ပြီးလည်းလာရောက်ဆွေးနွေးနိုင်ပါတယ်…
✅JLPT N3 နဲ့ အထက်
✅ဂျပန်ပြည်တွင်းနေထိုင်သူ
✅IT / CAD / Site Engineer‌အနေနဲ့ လုပ်ငန်းအတွေ့အကြုံ ၁နှစ်နှင့်အထက်
ရှိသူများ အလုပ်အကိုင်မိတ်ဆက်ပေးလျှက်ရှိပါတယ်ရှင့်

コメント