အင်တာဗျူးသူပြောပြနေတဲ့ 面接合格Sign
ဒီနေ့တော့ အားလုံးစိတ်ဝင်စားမယ့်အကြောင်းအရာလေးဆွေးနွေးပေးသွားပါမယ်
အင်တာဗျူးမှာ အောင်နိုင်မနိုင်ကို အင်တာဗျူးတဲ့သူကပြောပြနေတဲ့ Sign လေးတွေရှိပါတယ်။
အဲ့ဒီ Sign လေးတွေကိုရှာကြည့်ပြီး ကိုယ့်ရဲ့ အင်တာဗျူးဖြေခဲ့တဲ့ အခြေအနေ အောင်နိုင်မအောင်နိုင်ခန့်မှန်းကြည့်ရအောင်….
အထူးသဖြင့်ကိုယ်ဝင်ချင်တဲ့ကုမ္ပဏီရဲ့ ရလဒ်ကိုပိုစောင့်ရတာအရမ်းကြားတယ်ခံစားရပါတယ်။
အောင်နိုင်မအောင်နိုင် အနည်းငယ်ခန့်မှန်းထားနိုင်ရင် နောင်မှာဘာဆက်လုပ်ရမလဲဆိုတာလည်း သိလာနိုင်မယ့်အတွက် အကျိုးရှိမယ်ထင်ပါတယ်…ဒီမေးခွန်းလေးတွေအမေးခံရရင် အင်တာဗျူးအလားအလာကောင်းတယ်..
၁။အင်တာဗျူးအချိန်ကပုံမှန်ထက်ကြာတယ်။
ပုံမှန်ဆိုအင်တာဗျူးက ခန့်မှန်းခြေ ၁နာရီပဲကြာပေမယ့် ၁နာရီကျော်အောင်ကြာတယ်။
ဒါဆိုရင် တော့ကောင်းမွန်တဲ့ Sign ပဲဖြစ်ပါတယ်။
※※တစ်ခုတော့ သတိထားရမှာက အင်တာဗျူးတဲ့သူ /ကုမ္ပဏီ / အင်တာဗျူးအမျိုးအစား(ပထမ/ဒုတိယ) ကိုလိုက်ပြီး နာရီဝက်ပဲကြာတာတို့ အဲ့လိုအခါမျိုးလည်းရှိပါတယ်။ အင်တာဗျူးအချိန် တစ်နာရီမပြည့်လို့ အင်တာဗျူး မအောင်နိုင်တာမျိုးတော့ မဟုတ်လို့ အောက်ကအချက်တွေကိုက်မကိုက်ဆက်ကြည့်ကြည့်နော်.
➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤
၂။တစ်ခြားဘယ်ကုမ္ပဏီတွေဖြေနေလဲ အမေးခံရတယ်။
ကုမ္ပဏီတိုင်းသဘောကျတဲ့သူကို ကိုယ့်ရဲ့ ကုမ္ပဏီကိုဦးစားပေးပြီးဝင်စေချင်ပါတယ်။
ဒါကြောင့် ဘယ်ကုမ္ပဏီတွေဝင်ဖြေနေလဲ Offerထုတ်ပေးလိုက်ရင် တကယ်ကုမ္ပဏီကိုဝင်ပေးမှာလဲ ကုမ္ပဏီကိုဝင်ချင်စိတ်ဘယ်လောက်ရှိလဲ စတာတွေကိုသေချာအောင် ကွန်ဖန်းလုပ်တာဖြစ်ပါတယ်။
ဒီမေးခွန်းအမေးခံရရင်လည်း အနည်းနဲ့အများကိုယ့်ကို စိတ်ဝင်စားနေတယ်လို့ သတ်မှတ်လို့ရပါတယ်။
➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤
၃။ ကုမ္ပဏီကိုဝင်နိုင်တဲ့လ / နောက်အင်တာဗျူးအတွက်အဆင်ပြေနိုင်တဲ့ရက် စတဲ့ နောက်Step တစ်ခုအတွက် ကိုယ့်ရဲ့ Scheduleကိုမေးတယ်။နောင်မှာဘာလုပ်မယ်ဆိုတဲ့ Processကိုသေချာရှင်းပြတယ်။ဒါဆိုရင်လည်းအခြေအနေကောင်းတယ်လို့ပြောရပါတယ်။
အောင်တယ်ဆိုတာသေချာတဲ့မေးခွန်းတော့ မဟုတ်ပေမယ့် Offerထုတ်ပေးလိုက်တဲ့အခါ အလုပ်ဝင်ဖို့ ကုမ္ပဏီဘက်က Schedule တဲ့ ဖြေတဲ့သူရဲ့ Scheduleကို ကြိုပြီးတိုက်ထားတဲ့သဘောဖြစ်ပါတယ်။
➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤
၄။ အင်တာဗျူးပြီးတဲ့အခါ တစ်ခြားဝန်ထမ်း(ကိုယ်နဲ့အလုပ်လုပ်ရမယ့်ဝန်ထမ်း)နဲ့ မိတ်ဆက်ပေးတယ်။
ဒါက အရမ်းကောင်းတဲ့ Sign ဖြစ်ပါတယ်။ အလုပ်ထဲကိုဝင်တဲ့နောက်ပိုင်းကို ကုမ္ပဏီဘက်က ကြိုပြီးစဥ်းစားနေပြီးဆိုတဲ့သဘောဖြစ်ပါတယ်။
➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤
၅။ နောက်ဆုံးတစ်ခုကတော့ ကိုယ့်ရဲ့ 感နဲ့ပဲ ဆုံးဖြတ်လို့ရပါတယ်။
အင်တာဗျူးတဲ့သူနဲ့ ကိုယ်နဲ့ စကားပြောရတာအဆင်ပြေခဲ့လား? စကားအသွားအလာကောင်းလားဆိုတာကိုကြည့်ပြီးဆုံးဖြတ်နိုင်ပါတယ်။
ဥပမာ-အင်တာဗျူးနေတာနဲ့မတူပဲ Conversationတစ်ခုလို ကောင်းကောင်း コミュニケーションလုပ်နိုင်ခဲ့တာတို့ /စကားပြောတဲ့ 割合အနေနဲ့လည်း 50%အနေနဲ့ သူပြောကိုယ်ပြောပုံစံဆိုရင် အခြေအနေကောင်းတယ်လို့ပြောလို့ရပါတယ်။
ဒီမေးခွန်းပါလာလို့ သေချာပေါက်ကြီးအင်တာဗျူးအောင်နိုင်တယ်ဆိုပြီး တစ်ထစ်ချကြီးစိတ်အေးထားလို့မရပေမယ့် တိုက်ဆိုင်တာများနေပြီဆိုရင် ဒါဟာ 面接合格サインဖြစ်ပြီးအောင်နိုင်ချေများပါတယ်။
ကဲဒါဆိုရင်တော့ အနည်းနဲ့အများ အင်တာဗျူးအောင်နိုင်ချေ ရှိမရှိ အကဲ ဖြတ်နိုင်ပြီထင်ပါတယ်…
ဒီနေ့တော့ ဒီလောက်ပဲနော်.. see you !!





အရင်ဆုံး အလုပ်အကိုင်အကြောင်းဆွေးနွေးလိုပါက Career Link (FB offical page)မှာ သွားရောက်စုံစမ်းနိုင်ပါတယ်..
🔴Facebook Official Page
🔴CAD Design Engineer အလုပ်ခေါ်စာများ
🔴Site Manage Engineer အလုပ်ခေါ်စာများ
အောက်ကမေးလ်ကို CV form ပေးပို့ လျှောက်ထားနိုင်ပါတယ်..
info@careerlink02.com
✨✨✨✨✨✨✨✨
Process
အရင်ဆုံး Career Advisorနဲ့မန်းဒန်းဝင်ကြည့်ပြီးနောက်မှာ Support စမှာဖြစ်ပါတယ်။
入社အထိ အစ-အဆုံး မိတ်ဆက်ခအခမဲ့ဖြစ်ပါတယ်။
✨✨✨✨✨✨✨✨
နေ့တိုင်း အလုပ်အကိုင်ရှာဖွေနေတဲ့သူတွေအတ္ငက် Career Meeting လုပ်ပေးနေပါတယ်။ Career Adviosrနဲ့အတူ မိမိ Careerလမ်းကြောင်းနဲ့ပတ်သက်ပြီးလည်းလာရောက်ဆွေးနွေးနိုင်ပါတယ်…
✅JLPT N3 နဲ့ အထက်
✅ဂျပန်ပြည်တွင်းနေထိုင်သူ
✅IT / CAD / Site Engineerအနေနဲ့ လုပ်ငန်းအတွေ့အကြုံ ၁နှစ်နှင့်အထက်
ရှိသူများ အလုပ်အကိုင်မိတ်ဆက်ပေးလျှက်ရှိပါတယ်ရှင့်…..
コメント