Knowledge-sharing

အလုပ်မထွက်ခင် ‌ကုမ္ပဏီဘက်ကနေတောင်းထားသင့်တဲ့စာရွက်စာတမ်းများ

အလုပ်ထွက်တဲ့အခါ ကုမ္ပဏီကနေ ဘာစာရွက်စာတမ်းတွေတောင်းရမလဲဆိုတာကို ပြောပြပေးပါမယ်…နောက်ပြီးဘယ်နေရာမှာဘာအတွက်အဲ့ဒီစာရွက်စာတမ်းတွေကိုသုံးရတာလဲဆိုတာကိုပါတစ်ခါတည်း ရှင်းပြပေးပါမယ်။

အလုပ်ထွက်ပြီးတဲ့နောက်မှ တောင်းဖို့စာရွက်ကျန်သွားတာမျိုး မဖြစ်ရအောင် ဒီပို့စ်ကိုအဆုံးထိ သေချာလေးဖတ်ထားနော်..

ဂျပန်မှာ အလုပ်ထွက်တဲ့အခါ 退職手続き(たいしょくてつづき)ဆိုပြီး လုပ်ရသလို အလုပ်ဝင်တဲ့အခါမှာလည်း 入社手続き(にゅうしゃてつづき)ဆိုပြီးလုပ်ရပါတယ်။


အလုပ်ဝင်ဖို့ 入社手続きလုပ်တဲ့အခါလိုအပ်တဲ့စာရွက် စာတမ်းတွေကို အလုပ်မထွက်ခင်ကုမ္ပဏီကနေ ကြိုတောင်းထားပါ။


တစ်ချို့စာရွက်က အလုပ်ထွက်ပြီးရင် မဖြစ်မနေ ကုမ္ပဏီဘက်ကထုတ်ပေးရတဲ့ တာဝန်ရှိပြီး တစ်ချို့ကတော့ လိုအပ်လို့တောင်းတဲ့အခါမှထုတ်ပေးပါတယ်။

①源泉徴収票(げんせんちょうしゅうひょう)ဝင်ငွေစာရင်းချုပ်စာရွက်
ဒါက အလုပ်ထွက်တဲ့အခါမှာ သေချာပေါက် ကုမ္ပဏီကနေထုတ်ပေးရပါတယ်။ နောက်ဆုံးအလုပ်လုပ်ခဲ့တဲ့လကိုပါထည့်တွက်ပေးရတာဖြစ်တဲ့အတွက် များသောအားဖြင့် အလုပ်ထွက်တဲ့ရက်မှာ ပေးတာမဟုတ်ဘဲ 郵送နဲ့ တစ်လအကြာလောက်မှာ အိမ်ကို ပို့ပေးတာများပါတယ်။ သူ့ကိုတော့ အလုပ်သစ်ဝင်တဲ့အခါ年末調整(နှစ်ကုန်စာရင်းချုပ်လုပ်တဲ့အခါ) မှာ သုံးဖို့လိုတဲ့အတွက်နောက်ကုမ္ပဏီအသစ်ကို ထပ်ပေးရပါတယ်။ အိမ်ကိုစာရွက်ရောက်လာရင် မပျောက်အောင်သိမ်ထားနော်…

②雇用保険被保険者証(こようほけんひほけんしょう)
ဒါကတော့ အလုပ်အာမခံဝင်ထားတဲ့ထောက်ခံချက်စာရွက်ဖြစ်ပါတယ်။ ကုမ္ပဏီမှာပဲသိမ်းထားတာမျိုးနဲ့ ဝန်ထမ်းတွေကို ပေးထားတာ ကုမ္ပဏီကိုလိုက်ပြီးကွာပါတယ်။ ကုမ္ပဏီဘက်က သိမ်းထားတာဆိုရင် ဒါကိုပြန်တောင်းဖို့လိုပါတယ်။ ဒီစာရွက်ကလည်း ကုမ္ပဏီအသစ်မှာ 雇用保険(အလုပ်အာမခံ) ဝင်တဲ့အခါမှာ လိုတဲ့အတွက် ထပ်ပေးဖို့လိုပါတယ်။

③年金手帳(ပင်စင်စာအုပ်) နံပါတ် ၂ လိုမျိုးပဲ ကုမ္ပဏီမှာပဲသိမ်းထားတာမျိုးနဲ့ ဝန်ထမ်းတွေကို ပေးထားတာ ကုမ္ပဏီကိုလိုက်ပြီးကွာပါတယ်။ကုမ္ပဏီဘက်ကသိမ်ထားပေးတာမျိုးဆိုရင်ပြန်တောင်းထားဖို့လိုပါတယ်။ ပင်စင်စာအုပ်ကလည်း အလုပ်အသစ်မှာပြပေးရပါတယ်။အဓိကကတော့ ပင်စင်စာအုပ်ထဲက 年金番号လိုတာဖြစ်ပါတယ်။ နောက်ပိုင်း My number ကဒ်နဲ့တွဲတာတွေလည်းရှိနေပြီး ပင်စင်စာအုပ်မကိုင်တဲ့သူတွေလည်းရှိပါတယ်။

④離職票(りしょくひょう)
ဒါကတော့ အလုပ်ထွက်ထားကြောင်းထောက်ခံတဲ့စာရွက်ဖြစ်ပါတယ်။ Hello Work မှာ အလုပ်ထွက်ပြီး ထောက်ပံ့ကြေးတွေလျှောက်ချင်တယ်ဆိုရင် / အလုပ်မဝင်ခင်အဟကာလရှိလို့ ပင်စင်ဌာနမှာပင်စင်ခွန်လျှော့ပေါ့တာလျှောက်ချင်ရင်)ဒီစာရွက်ကိုပြပြီးသွားလျှောက်ရပါတယ်။ (ဒီအကြောင်းကိုနောင်မှာအသေးစိတ်ရေးပေးပါမယ်။_)
ဒီစာရွက်က ကုမ္ပဏီက ထုတ်ပေးတဲ့စာရွက်မဟုတ်ပဲ ကုမ္ပဏီကနေ တစ်ဆင့် Hello work က ထုတ်ပေးတဲ့စာရွက်ဖြစ်ပါတယ်။ တကယ်လို့ စာရွက်တောင်းဖို့ မေ့သွားတယ်ဆိုရင်လည်း Hello workမှာ ကိုယ်ကိုတိုင်သွားထုတ်လို့တော့လို့ရပါတယ်။ဒါပေမယ့်လိုအပ်ရင်ကုမ္ပဏီကိုတောင်းထားတော့ပိုကောင်းပါတယ်။

⑤သူနဲ့အနည်းငယ်ဆင်တဲ့ 退職証明書(たいしょくしょうめいしょ)ဆိုတဲ့ အလုပ်ထွက်ထားကြောင်းစာရွက်လည်းရှိပါတယ်။ဒါကတော့ ကုမ္ပဏီကထုတ်ပေးရတာဖြစ်လို့ ကုမ္ပဏီကိုတိုက်ရိုက်ထုတ်းခိုင်းလို့ရပါတယ်။ဒီစာရွက်ကတော့ အလုပ်ဝင်တဲ့အခါမှာ ထပ်ပေးဖို့လိုတယ်လို့မပြောရင်ထပ်ပေးစရာမလိုတဲ့အတွက် ကိုယ်ဝင်မယ့်ကုမ္ပဏီကို လိုလားမေးကြည့်ပြီး လိုအပ်ရင်တောင်းပါ။

⑥健康保険資格喪失証明書(けんこうほけんしかくそうしつしょうめいしょ)(しゃかいほけんကနေထွက်ထားကြောင်းထောက်ခံစာ)
ဒါက အလုပ်အသစ်မဝင်ခင် အဟကာလရှိပြီး အဲ့ဒီအတွင်း 国民健康保険ဝင်မယ်ဆိုရင်လိုအပ်တဲ့စာရွက်ဖြစ်ပါတယ်။မဝင်ရင်တော့ အထူးတလည်မလိုပါ။

ပြန်ပြီးချုပ်မယ်ဆိုရင်🌸🌸
① 源泉徴収票(မဖြစ်မနေထုတ်ပေးရတယ်/ကုမ္ပဏီက 郵送နဲ့ ပို့ပေးတာများတယ်။)
② 雇用保険被保険者証(ကုမ္ပဏီကသိမ်းထားတာဆိုရင်တောင်းပါ)
③ 年金手帳(ကုမ္ပဏီကသိမ်းထားတာဆိုရင်တောင်းပါ)
④ 離職票(Hello Work မှာ အလုပ်ထွက်ပြီး ထောက်ပံ့ကြေးတွေလျှောက်ချင်တယ်ဆိုရင် / အလုပ်မဝင်ခင်အဟကာလရှိလို့ ပင်စင်ဌာနမှာပင်စင်ခွန်လျှော့ပေါ့တာလျှောက်ချင်ရင်တောင်းထားပါ)
ကုမ္ပဏီကထုတ်တာမဟုတ်ဘဲ Hello work ကထုတ်ပေးရတာမို့အချိန်အနည်းငယ်တော့ကြာနိုင်တယ်။)
⑤ 退職証明書(ကုမ္ပဏီအသစ်ကထပ်ပေးဖို့ပြောရင် တောင်းပါ။မပြောရင် မလိုပါဘူး။ကုမ္ပဏီကထုတ်ပေးတဲ့စာရွက်မို့ တန်းရနိုင်ပါတယ်။ )
⑥ 健康保険資格喪失証明書(国民健康保険ကိုယ့်ဘာသူဝင်ရမယ့်ဆိုရင်တောင်းပါ။)
ကဲဒီနေ့တော့ ဒီလောက်ပဲနော်

======================
🌸🌸🌸Career Linkမိတ်ဆက်🌸🌸

အရင်ဆုံး အလုပ်အကိုင်အကြောင်းဆွေးနွေးလိုပါက Career Link (FB offical page)မှာ သွားရောက်စုံစမ်းနိုင်ပါတယ်..Facebook Official Page

CAD Design Engineer အလုပ်ခေါ်စာများ

Site Manage Engineer အလုပ်ခေါ်စာများ

အောက်ကမေးလ်ကို CV form ပေးပို့ လျှောက်ထားနိုင်ပါတယ်..
info@careerlink02.com

✨✨✨✨✨✨✨✨
Process
အရင်ဆုံး Career Advisorနဲ့မန်းဒန်းဝင်ကြည့်ပြီးနောက်မှာ Support စမှာဖြစ်ပါတယ်။
入社အထိ အစ-အဆုံး မိတ်ဆက်ခအခမဲ့ဖြစ်ပါတယ်။

✨✨✨✨✨✨✨✨
နေ့တိုင်း အလုပ်အကိုင်ရှာဖွေနေတဲ့သူတွေအတ္ငက် Career Meeting လုပ်ပေးနေပါတယ်။ Career Adviosrနဲ့အတူ မိမိ Careerလမ်းကြောင်းနဲ့ပတ်သက်ပြီးလည်းလာရောက်ဆွေးနွေးနိုင်ပါတယ်…
✅JLPT N3 နဲ့ အထက်
✅ဂျပန်ပြည်တွင်းနေထိုင်သူ
✅IT / CAD / Site Engineer‌အနေနဲ့ လုပ်ငန်းအတွေ့အကြုံ ၁နှစ်နှင့်အထက်
ရှိသူများ အလုပ်အကိုင်မိတ်ဆက်ပေးလျှက်ရှိပါတယ်ရှင့် ….

 

コメント