အလုပ်ထွက်ပြီးလျှောက်လိုရတဲ့ ထောက်ပံ့ကြေး(Q&A)
နေ့တော့ 失業手当(အလုပ်ထွက်ထားချိန်လျှောက်လို့ရတဲ့ထောက်ပံကြေး)အကြောင်းရှင်းပြပေးပါမယ်။နည်းနည်းရှုပ်တဲ့အတွက် အမေးများတဲ့ မေးခွန်းလေးတွေကို Q&Aပုံစံလေးနဲ့ပြန်ဖြေပေးပါမယ်…
※再就職手当(အလုပ်ရတဲ့အခါမှာပေးတဲ့ထောက်ပံ့ကြေး)အကြောင်းကိုသက်သက် Q&Aနဲ့ပြန်ရေးပေးပါမယ်။
※အလုပ်ထွက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးအရင်ကရေးထားတာလေးတွေကိုတော့ ပိုစ့်ရဲ့ နောက်ဆုံးမှာလင့်ထည့်ပေးထားတဲ့အတွက် စိတ်ဝင်စားရင်ဝင်ကြည့်ကြည့်နော်..
====================
အရင်ဆုံး失業手当နဲ့ပတ်သက်ပြီး အခြေခံအနေနဲ့သိထားသင့်တာလေးတွေက ထောက်ပံ့ကြေးပေးပုံက တစ်ယောက်ချင်းစီရဲ့ အခြေအနေပေါ်မူတည်ပြီးထောက်ပံကြေးရနိုင်မရနိုင်/ဘယ်နှစ်လပေးမယ်/ဘယ်လောက်ပေးမယ်ဆုံးဖြတ်ပါတယ်
ဘာကိုအခြေခံပြီးစဥ်းစားလဲဆိုရင်တော့
自己都合退職:ကိုယ့်ဘာသူအလုပ်ထွက်တာလား?
会社都合退職:ကုမ္ပဏီကြောင့်အလုပ်ထွက်ရတာလား?
ဒီအပေါ်မှာပဲမူတည်ပြီး သတ်မှတ်ချက်တွေကွားသွားတယ်…
▷▷▷▷▷▷▷▷▷▷▷
Question:失業手当ထောက်ပံကြေးလူတိုင်းရနိုင်လား?
Answer:No
自己都合退職ဆိုရင်အလုပ်မထွက်ခင်(၂)နှစ်အတွင်း အလုပ်အာမခံကို(၁နှစ်)နဲ့အထက် ဆောင်ထားရမယ်။
会社都合退職ဆိုရင်အလုပ်မထွက်ခင်(၂)နှစ်အတွင်း အလုပ်အာမခံကို(၆လ)နဲ့အထက် ဆောင်ထားတဲ့သူဖြစ်ရမယ်။
နောက်ပြီး အလုပ်မရှိတဲ့သူတွေ အလုပ်ရှာနေသူတွေအတွက် ပေးတဲ့စနစ်ဖြစ်တဲ့အတွက် အလုပ်မထွက်ခင်ကတည်းက နောက်အလုပ်ရထားပြီးသူများလည်းလျှောက်လို့မရပါဘူး။
▷▷▷▷▷▷▷▷▷▷▷
Question:失業手当ကို ဘယ်မှာလျှောက်ရလဲ?
Answer:ကိုယ်နေတဲ့အိမ်လိပ်စာကိုတာဝန်ယူထားတဲ့(所属ဖြစ်တဲ့)Helloworkမှာလျှောက်ရပါတယ်။ပြောချင်တာ ကြိုက်ရာHelloworkမှာသွားလျှောက်လို့မရဘူး။
▷▷▷▷▷▷▷▷▷▷▷
Question:ဘာစာရွက်စာတမ်းတွေလိုလဲ?
Answer:離職票、My number Card(ဒါရှိရင်ဓါတ်ပုံမထပ်လည်းရ)、通帳My number မရှိတဲ့သူတွေက ဓါတ်ပုံ၂ပုံနဲ့ 在留カードယူသွားပါ။
▷▷▷▷▷▷▷▷▷▷▷
Question:失業手当ဘယ်လောက်လောက်ရနိုင်လဲ?
Answer:တစ်လကို အလုပ်မထက်ခင်လစာရဲ့ 60%~လောက်ရနိုင်တယ်လို့ ခန့်မှန်းခြေတွက်ထားလိုရတယ်။တစ်ယောက်နဲ့တစ်ယောက်လစာ မတူတာရယ်/ အခြေအနေမတူတာတွေကြောင့် ရတဲ့ပမာဏချင်းကတော့ မတူနိုင်ဘူး။ဘယ်လောက်လောက်ရနိုင်လဲ Helloworkမှာ အကြမ်းဖျဥ်းမေးကြည့်လို့ရတယ်။
တွက်ချက်တဲ့ပုံကိုသိချင်ရင်တော့
▷▷▷▷▷▷▷▷▷▷▷
Question: ဘယ်လိုProcess တွေလုပ်ပြီးနောက်ထောက်ပံ့ကြေးရတာလဲ
(HWမှာ လုပ်ရတဲ့ Processအဆင့်ဆင့်)
Answer:
HWမှာေလျှာက်လွှာတင်။ လျှောက်လို့ရမရ HWက ဆုံးဖြတ်။
(အပေါ်ကပြောထားတဲ့条件ပြည့်ရင်လျှောက်လို့ရပါတယ်)
(အပေါ်မှာပြောခဲ့တဲ့စာရွက်စာတမ်းတွေယူသွားပါ)
↓
7日間(စောင့်ဆိုင်းကာလ)ရှိမယ်။ဒီကာလအတွင်းအလုပ်ရှာနေလို့ရပေမယ့် အလုပ်ရသွားတာတို့ / 入社確定ဖြစ်သွားရင် ဆက်လျှောက်လို့မရတော့တဲ့အတွက်သတိထားပါ။
↓
HW ကပဲသတ်မှတ်လိုက်တဲ့ရက်မှာပဲ Seminar သွားတက်ပြီး 雇用保険受給資格者証ဆိုတဲ့စာရွက်သွားယူမယ်။
↓
1回目の失業認定日မှာ HWကိုသွားပြီး စာရွက်ထပ်ရမယ်။
↓
ဒီနောက်ပိုင်းမှာတော့ 自己都合退職?会社都合退職?ပေါ်မူတည်ပြီးကွာသွားပြီ။
自己都合退職ဆိုရင်
待機အပြီး 給付制限期間၂လခန့်စောင့်ပြီးမှ ထောက်ပံ့ကြေးစရမှာ။၂လကတော့ 給付金မရပါဘူး။
会社都合退職ဆိုရင်
待機အပြီး 4ပတ် 1ခါထောက်ပံ့ကြေးရလိမ့်မယ်။လျှောက်တဲ့ Processတွေကို Hellowork က စာရွက်လေးပေးပြီးသေချာရှင်းပြလိမ့်မယ်။ဘယ်ရက် ဘယ်ရက်မှာလာပါလို့ပြောတဲ့ရက်ကို သေချာမှတ်ထားပြီးသွားပေးဖို့လိုတယ်နော်…
―――――――――――――――――――――――――ー
≪Advice≫
自己都合退職ဆိုရင် →
အလုပ်ကိုမြန်မြန်ရှာနိုင်တယ်ဆိုရင် →
失業手当ထက် 再就職手当ကိုယူတာကိုတော့ပိုအားပေးပါတယ်..ကိုယ်တိုင်လည်း 再就職手当ကပိုပြီး အကျိုးကျေးဇူးတွေများတယ်ထင်တဲ့အတွက် 再就職手当ပဲလျှောက်ပြီးယူခဲ့ပါတယ်…
再就職手当အကြောင်းကို နောက်တစ်ခေါက်မှာအသေးစိတ် ရေးပေးပါမယ်။
ဒီနေ့တော့ ဒီလောက်ပဲနော်..
See you !!





အရင်ဆုံး အလုပ်အကိုင်အကြောင်းဆွေးနွေးလိုပါက Career Link (FB offical page)မှာ သွားရောက်စုံစမ်းနိုင်ပါတယ်..
🔴Facebook Official Page
🔴CAD Design Engineer အလုပ်ခေါ်စာများ
🔴Site Manage Engineer အလုပ်ခေါ်စာများ
အောက်ကမေးလ်ကို CV form ပေးပို့ လျှောက်ထားနိုင်ပါတယ်..
info@careerlink02.com
✨✨✨✨✨✨✨✨
Process
အရင်ဆုံး Career Advisorနဲ့မန်းဒန်းဝင်ကြည့်ပြီးနောက်မှာ Support စမှာဖြစ်ပါတယ်။
入社အထိ အစ-အဆုံး မိတ်ဆက်ခအခမဲ့ဖြစ်ပါတယ်။
✨✨✨✨✨✨✨✨
နေ့တိုင်း အလုပ်အကိုင်ရှာဖွေနေတဲ့သူတွေအတ္ငက် Career Meeting လုပ်ပေးနေပါတယ်။ Career Adviosrနဲ့အတူ မိမိ Careerလမ်းကြောင်းနဲ့ပတ်သက်ပြီးလည်းလာရောက်ဆွေးနွေးနိုင်ပါတယ်…
✅JLPT N3 နဲ့ အထက်
✅ဂျပန်ပြည်တွင်းနေထိုင်သူ
✅IT / CAD / Site Engineerအနေနဲ့ လုပ်ငန်းအတွေ့အကြုံ ၁နှစ်နှင့်အထက်
ရှိသူများ အလုပ်အကိုင်မိတ်ဆက်ပေးလျှက်ရှိပါတယ်ရှင့်
コメント