Knowledge-sharing

雇用保険被保険者証အကြောင်း??

ဒီနေ့တော့ နောင်မှာ အလုပ်ပြောင်းဖို့ ဆန္ဒရှိတဲ့သူပဲဖြစ်ဖြစ် လက်ရှိ ဂျပန်မှာ အလုပ်လုပ်ကိုင်နေတဲ့သူပဲဖြစ်ဖြစ် နောင်မှာဂျပန်မှာ အလုပ်လုပ်ဖို့ ဆန္ဒရှိသူတွေ အတွက် အရမ်းအသုံးဝင်တဲ့အကြောင်းအရာလေး 雇用保険被保険者証နဲ့ပတ်သက်ပြီး ပြောပေးပါမယ်…

အလုပ်မိတ်ဆက်ပေးလိုက်ပြီး Offerရသွားတယ်။ အလုပ်ဝင်ဖို့လည်းသေချာသွားပြီး 入社手続き(အလုပ်ဝင်ဖို့အတွက်စာရွက်စာတမ်းပြင်တာ) လုပ်ဖို့ Support လုပ်ပေးတဲ့အချိန်မှာ တော်တော်များများ 雇用保険被保険者証လက်ထဲမှာမရှိဘဲ ဖြစ်နေတာလေးတွေ တွေ့ရပါတယ်..

ဇိုင်းလျူးကဒ်/ ကျန်းမာရေးအာမခံကဒ်လိုမျိုး အမြဲတမ်းကြီးလိုနေတဲ့ စာရွက်မဟုတ်တဲ့အတွက်အမှတ်တမဲ့ဖြစ်ပြီး လက်ထဲမှာ ရှိမရှိ သတိမထားမိဘဲနေမိတဲ့သူများပါတယ်…

ဒါကြောင့် အလုပ်ပြောင်းခါနီးမှ အခက်မတွေ့ဘဲ ကြိုတင်ပြင်ဆင်လို့ရအောင်နဲ့ ဗဟုသုတရအောင်
🔴雇用保険被保険者証ဆိုတာဘာလဲ???
🔴雇用保険ဝင်ဖို့လိုအပ်တဲ့သူတွေက ???
🔴 ဘယ်အချိန်မှာဘာအတွက်လိုအပ်တာလဲ???
🔴ပျောက်သွားပြီဆိုရင်ဘာလုပ်မလဲ??? နဲ့ပတ်သက်ပြီးပြောပေးပါမယ်..

+++++++++++++++++++++++++

◉◉◉◉雇用保険被保険者証ဆိုတာဘာလဲ???
雇用保険ဝင်ထားတယ်ဆိုတဲ့အထောက်အထားစာရွက်
(自信が雇用保険に加入しているということを示す証明書)

✅雇用保険ဝင်ထားရင် အလုပ်ထွက်ထားပြီး အလုပ်မရှိ‌သေးတဲ့ကာလမှာ ထောက်ပံ့ကြေးလျှောက်လို့ရတာတို့ လုပ်လို့ရတယ်… (သတ်မှတ်ချက်တွေတော့ရှိပါတယ်။အသေးစိတ်ကိုတော့ စာအရမ်းရှည်သွားမှာမို့ ဒီထဲမှာမရေးတော့ဘူး။)

✅အလုပ်ထွက်တဲ့အခါမှာပဲ အလုပ်သစ်ကို ထပ်ပေးဖို့ လိုတာဖြစ်တဲ့အတွက် အမြဲတမ်းကြီးသုံးလိုနေတဲ့စာရွက်တော့မဟုတ်ဘူး။
✅雇用保険ဝင်ပြီးရင် ကုမ္ပဏီက ဝန်ထမ်းကို ပြန်ပေးတာမျိုးလည်းရှိသလို အလုပ်ထွက်တဲ့အချိန်ထိ ကုမ္ပဏီဘက်မှာပဲသိမ်းထားတာမျိုးလည်းရှိပါတယ်။.

+++++++++++++++++++++++++

◉◉◉◉雇用保険ဝင်ဖို့လိုအပ်တဲ့သူ
 ◆1ပတ် 20နာရီနဲ့အထက်အလုပ်လုပ်နေတဲ့သူ
 ◆31ရက်နဲ့အထက်အလုပ်လုပ်ဖို့ ရည်ရွယ်ထားသူ
 ◆နောက်ပြီး 正社員တင်မဟုတ်ဘဲ အပေါ် ကအချက်နဲ့ပြည့်နေရင်パートやアルバイト、派遣社員、契約社員စတာတွေလည်းဝင်ပေးရပါတယ်။

+++++++++++++++++++++++++

◉◉◉◉ ဘယ်အချိန်မှာဘာအတွက်လိုအပ်တာလဲ???
အလုပ်ပြောင်းတဲ့အချိန် 入社手続きမှာ လိုပါတယ်။အလုပ်သစ်မှာ 雇用保険ပြန်ဝင်ဖို့လိုတဲ့အတွက် ကုမ္ပဏီအသစ်ကနေ 雇用保険被保険者証ထပ်ပေးပါလို့ ပြောတဲ့အခါ ထပ်ပေးရပါတယ်။ 雇用保険被保険者証ထဲမှာရေးထားတဲ့ 保険番号ကိုလိုတာဖြစ်ပါတယ်။

+++++++++++++++++++++++++

◉◉◉◉ ပျောက်သွားပြီဆိုရင်ဘာလုပ်မလဲ???
လက်ထဲမှာလည်းစာရွက်ရှာမတွေ့တော့ဘူး (ထွက်ထားတဲ့) ကုမ္ပဏီကို ပြောရမှာလည်းအဆင်မပြေဘူးဆိုရင်တော့ မိမိဘာသူ Helloworkကို သွားထုတ်လို့ရပါတယ်။
ကိုယ်နေတဲ့ရပ်ကွက်က Helloworkမှာ 「雇用保険被保険者証をなくしてしまったので、再発行をお願いします。」ဆိုပြီးပြောပြီး 再発行သွားလုပ်လို့ရပါတယ်။
လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့
 ◆အရင်ကုမ္ပဏီရဲ့ Name/Adress/Telph no(Websiteမှာ အလွယ်တကူရှာလို့ရတယ်။)
 ◆ 本人確認書類(運転免許証、マイナンバーカード、在留カードなど)
 ◆တံဆိပ်တုံး
ဖြစ်ပါတယ်..

အလုပ်ထွက်ပြီးနောက်မှာမှ ပြန်ပြီးမေးရတာတို့ / ပျောက်သွားလို့ သွားထုတ်ရရင် အရမ်းအလုပ်ရှုပ်တဲ့အတွက် အခုကတည်းက ကြိုပြီး ကိုယ်လက်ထဲမှာ ရှိမရှိ စစ်ကြည့်ထားကြနော်..မရှိဘူးဆိုရင်လည်း ကုမ္ပဏီကို 確認လုပ်ထားပါလို့ပြောရင်း

ဒီနေ့တော့ ဒီလောက်ပဲနော်..
See you !!!

======================
🌸🌸🌸Career Linkမိတ်ဆက်🌸🌸
အရင်ဆုံး အလုပ်အကိုင်အကြောင်းဆွေးနွေးလိုပါက Career Link (FB offical page)မှာ သွားရောက်စုံစမ်းနိုင်ပါတယ်..
🔴Facebook Official Page
🔴CAD Design Engineer အလုပ်ခေါ်စာများ
🔴Site Manage Engineer အလုပ်ခေါ်စာများ

အောက်ကမေးလ်ကို CV form ပေးပို့ လျှောက်ထားနိုင်ပါတယ်..
info@careerlink02.com

✨✨✨✨✨✨✨✨
Process
အရင်ဆုံး Career Advisorနဲ့မန်းဒန်းဝင်ကြည့်ပြီးနောက်မှာ Support စမှာဖြစ်ပါတယ်။
入社အထိ အစ-အဆုံး မိတ်ဆက်ခအခမဲ့ဖြစ်ပါတယ်။

✨✨✨✨✨✨✨✨
နေ့တိုင်း အလုပ်အကိုင်ရှာဖွေနေတဲ့သူတွေအတ္ငက် Career Meeting လုပ်ပေးနေပါတယ်။ Career Adviosrနဲ့အတူ မိမိ Careerလမ်းကြောင်းနဲ့ပတ်သက်ပြီးလည်းလာရောက်ဆွေးနွေးနိုင်ပါတယ်…
✅JLPT N3 နဲ့ အထက်
✅ဂျပန်ပြည်တွင်းနေထိုင်သူ
✅IT / CAD / Site Engineer‌အနေနဲ့ လုပ်ငန်းအတွေ့အကြုံ ၁နှစ်နှင့်အထက်
ရှိသူများ အလုပ်အကိုင်မိတ်ဆက်ပေးလျှက်ရှိပါတယ်ရှင့်

コメント