Knowledge-sharing

求人票(အလုပ်ခေါ်စာ)ထဲကစကားလုံးများ

ဒီနေ့ တော့ 求人票(အလုပ်ခေါ်စာ)ကိုဂျပန်လို ဖတ်တဲ့အခါမှာ သိထားရင် အရမ်းအသုံးဝင်နိုင်တဲ့ အခြေခံကျတဲ့ စကားလုံးလေးတွေရဲ့ အဓိပ္ပါယ်ရယ်/ သတိထားသင့်တဲ့အကြောင်းအရာလေးတွေကို ရှင်းပြပေးမယ်နော်……🤗🤗

ကိုယ်တိုင်လည်းအလုပ်ခေါ်စာတွေတင်တဲ့အခါ တစ်ခါတစ်လေ မြန်မာလိုမပြန်ပဲ ဂျပန်လိုပဲရေးလိုက်တာလေးတွေရှိတယ်..နောက်ပြီး အလုပ်ကို စိတ်ဝင်စားတဲ့ရင် အလုပ်ခေါ်စာ(ဂျပန်လိုအပြည်အစုံရေးထားတဲ့ PDF)ကို ပို့ပေးတဲ့အခါမှာလည်း ဒီစကားလုံးလေးတွေ သိထားရင် အရမ်းအသုံးဝင်မယ်လို့ထင်ပါတယ်…

❶年収(ねんしゅう):တစ်နှစ်ပတ်လုံးရဲ့ဝင်ငွေ (Annual income)
ပုံမှန်ဆို 月給(လစာ)×12カ月+賞与(ဘောနပ်)=年収ဆိုပြီးခေါ် တယ်…
အလုပ်အင်တာဗျူးတွေမှာလည်း 現年収(げんねんしゅう)လက်ရှိနှစ်စဥ်ဝင်ငွေ / 希望年収(きぼうねんしゅう)မျှော်မှန်းနှစ်စဥ်ဝင်ငွေ ကိုမေးတဲ့အခါမျိုးလည်းရှိပါတယ်…

❷決算賞与(けっさんしょうよ):တစ်နှစ်လုံးအတွက် ကုမ္ပဏီရဲ့ အကျိုးအမြတ်ပေါ် မူတည်ပြီး ဝန်ထမ်းတွေကို ခွဲဝေပေးတဲ့ ဘောနပ်
ရိုးရိုး Bonusနဲ့ဘာကွာလဲဆိုရင် တစ်နှစ်နဲ့တစ်နှစ် ရတဲ့ပမာဏချင်းမတူနိုင်သလို ကုမ္ပဏီ 赤字ဖြစ်နေရင်(အရှုံးပေါ်နေရင်) လည်း မပေးတာမျိုးလည်းရှိနိုင်တယ်…
(過去実績 2ヶ月)လိုမျိုးစာထည့်ထားရင်တော့ အရင်နှစ်က 決算賞与ရကြတယ်ဆိုတဲ့အဓိပ္ပါယ်နဲ့ရေးတဲ့အတွက် ဒီကုမ္ပဏီက 黒字(မြတ်နေတာ)ဖြစ်နေတဲ့အတွက်… ရနိုင်ချေများတယ်ဆိုပြီး တွက်လို့ရတယ်…

❸固定残業(こていざんぎょう):Fixed သတ်မှတ်ထားပြီးလစာထဲမှာထည့်ပေါင်းထားတဲ့အချိန်ပို
သူကလစာထဲမှာ တစ်ခါတည်းအချိန်ပိုကြေးကိုတွက်ပြီးထည့်ထားတဲ့သဘောမျိုး
※※ထူးခြားချက်က အချိန်ပိုလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ လစာက လျော့သွားတာမျိုးမရှိဘဲ အချိန်ပိုထည့်ပြီးသားသတ်မှတ်လစာအတိုင်းပဲရတယ်..
>>ဥပမာ- 固定残業အချိန်ပို (နာရီ 20) ပါ လစာ(သောင်း30)ဆိုရင်
အချိန်ပို နာရီ 20ထိက အချိန်ပိုလုပ်မလုပ်နဲ့မဆိုင်ဘဲ လတိုင်းလစာ သောင်း 30 ရမယ်။ ဒါကို လစာသောင်း30ထဲမှာ 固定残業20နာရီ ပါပြီးဆိုပြီးပြောတယ်…
🚨အလုပ်ခေါ်စာထဲမှာ 固定残業လို့ရေးထားရင် ဘယ်နှစ်နာရီစာ အချိန်ပိုကြေးပါပြီးသားလဲဆိုတာ ကိုမေးကြည့်သင့်တယ်…
🚨နောက်ပြီး ၄၅နာရီပါနေတာမျိုးဆိုရင် ကုမ္ပဏီဘက်က တစ်လ平均残業時間ဘယ်လောက်လောက်ရှိတာလဲလို့မေးကြည့်သင့်ပါတယ်…

❹年間休日(ねんかんきゅうじつ):တစ်နှစ်ပတ်လုံးပိတ်ရက်
ကုမ္ပဏီမှာတစ်နှစ်ပတ်လုံးပိတ်ရက်ဘယ်နှစ်ရက်ရှိလဲဆိုတာ ပြောပြတာဖြစ်ပါတယ်..
土・日・祝အပါအဝင် ရက်ရှည်ပိတ်ရက်တွေကိုထည့်ပေါင်းပြီး တွက်တာဖြစ်ပါတယ်..
「会社カレンダーによる」ဆိုပြီးရေးထားရင်တော့ 年間カレンダーလိုမျိုးရှိလားဆိုပြီးမေးကြည့်သင့်ပါတယ်..

❺試用期間(しようきかん):အစမ်းခန့်ကာလ
အစမ်းခန့်ရှိတယ်ဆိုရင် များသောအားဖြင့် ၂လ-၆လလောက်ရှိတတ်တယ်။
🚨အစမ်းခန့်ကာလရှိတယ်ဆိုရင် အစမ်းခန့်ကာလအတွင်း လစာ(条件)အပြောင်းအလဲရှိမရှိကို မေးကြည့်သင့်တယ်..

❻勤務地(きんむち)・勤務時間(きんむじかん):အလုပ်လုပ်ရမယ့်နေရာ /အလုပ်လုပ်ရမယ့်အချိန်

❼雇用形態(こようけいたい): အလုပ်ခန့်မယ့်ပုံစံ
正社員?契約社員?စတာတွေကို ရှင်းပြတာဖြစ်ပါတယ်..

❽必須要件(ひっすようけん):Mustအနေနဲ့ ပြည့်မှီရမယ့် Requirementsတွေဖြစ်ပါတယ်…
応募資格(おうぼしかく)ဆိုပြီးလည်းခေါ်တယ်..
🚨ကိုယ်လျှောက်လို့အဆင်ပြေမပြေ အလုပ်မလျှောက်ခင်ဒီနေရာကိုလည်းသေချာ စစ်ကြည့်သင့်တယ်..

❾福利厚生(ふくりこうせい):Benefitsတွေ / ခံစားခွင့်တွေ
保険အကြောင်းအရာတွေအပြင်/ 研修စနစ်တွေအကြောင်း / အဆောင် /အိမ်ပြောင်းစရိတ် / အခြားအခြားထောက်ပံကြေးတွေ စတဲ့စတဲ့ ခံစားခွင့်တွေကိုရေးတာဖြစ်ပါတယ်…

ဒီစကားလုံးလေးတွေအဓိပ္ပါယ်ကို ကောင်းေကာင်းနားလည်းထားရင် အလုပ်ခေါ်စာ ဖတ်တဲ့အခါ အရမ်းအသုံးဝင်ပြီး နောင်အလုပ်ခေါ်စာ ကြည့်တဲ့အခါအောက်က အကြောင်းအရာတွေကို အဓိကထားပြီးကြည့်လို့လည်းရပါတယ်..

ကဲဒါဆိုဒီလောက်ပဲနော်..
See you !

======================
🌸🌸🌸Career Linkမိတ်ဆက်🌸🌸
အရင်ဆုံး အလုပ်အကိုင်အကြောင်းဆွေးနွေးလိုပါက Career Link (FB offical page)မှာ သွားရောက်စုံစမ်းနိုင်ပါတယ်..
🔴Facebook Official Page
🔴CAD Design Engineer အလုပ်ခေါ်စာများ
🔴Site Manage Engineer အလုပ်ခေါ်စာများ

အောက်ကမေးလ်ကို CV form ပေးပို့ လျှောက်ထားနိုင်ပါတယ်..
info@careerlink02.com

✨✨✨✨✨✨✨✨
Process
အရင်ဆုံး Career Advisorနဲ့မန်းဒန်းဝင်ကြည့်ပြီးနောက်မှာ Support စမှာဖြစ်ပါတယ်။
入社အထိ အစ-အဆုံး မိတ်ဆက်ခအခမဲ့ဖြစ်ပါတယ်။

✨✨✨✨✨✨✨✨
နေ့တိုင်း အလုပ်အကိုင်ရှာဖွေနေတဲ့သူတွေအတ္ငက် Career Meeting လုပ်ပေးနေပါတယ်။ Career Adviosrနဲ့အတူ မိမိ Careerလမ်းကြောင်းနဲ့ပတ်သက်ပြီးလည်းလာရောက်ဆွေးနွေးနိုင်ပါတယ်…
✅JLPT N3 နဲ့ အထက်
✅ဂျပန်ပြည်တွင်းနေထိုင်သူ
✅IT / CAD / Site Engineer‌အနေနဲ့ လုပ်ငန်းအတွေ့အကြုံ ၁နှစ်နှင့်အထက်
ရှိသူများ အလုပ်အကိုင်မိတ်ဆက်ပေးလျှက်ရှိပါတယ်ရှင့်

コメント