Knowledge-sharing

အိမ်ပြောင်း/အလုပ်ပြောင်းလုပ်တဲ့အခါမှာ လိုအပ်တဲ့ လုပ်ငန်းစဥ်များ

ဂျပန်မှာအိမ်ပြောင်းပြီ/အလုပ်ပြောင်းပြီဆိုရင် မဖြစ်မနေ လုပ်ဖို့လိုအပ်တဲ့ အလုပ်တွေရှိပါတယ်။ဒီနေ့တော့ အဲ့ဒီလုပ်ငန်းစဥ်လေးတွေကိုပြောပြပေးမယ်နော်။
—————————————————-
နံပါတ်(၁) 🌸転出届 မြို့ကနေအထွက်သွားပြတာကိုပြောတာ
ကိုယ်နေတဲ့မြို့ရဲ့ ရပ်ကွက်ရုံး (市役所) မှာသွားလုပ်ရတာ။အဲ့ဒါကို ဂျပန်လိုဆို 転出届(てんしゅつとどけ)ဆိုပြီးခေါ်တယ်။ အထွက်သွားပြတဲ့အခါ 転出届出書ဆိုပြီးစာရွက်လေးရလာလိမ့်မယ်။အဲ့ဒီစာရွက်က ပြောင်းမယ့်ရပ်ကွက်ရုံးမှာ ပြန်သုံးရမှာ ဆိုတော့ သေချာသိမ်းထားဖို့လိုတယ်နော်။
※လိုအပ်တဲ့စာရွက်စာတမ်းတွေကဇိုင်းလျူးကဒ် နဲ့ အိမ်ပြောင်းပြီးနောက်နေမယ့်လိပ်စာလိုတယ်နော်။
※လိပ်စာကယာယီလိပ်စာလည်းရတယ်။ဟိုဘက်မှာပြန်ပြင်လို့ရတယ်။
※အကယ်၍ My numberကဒ် နဲ့ 転出လုပ်ခဲ့မယ်ဆိုရင်တော့ 転出届出書ဆိုတဲ့စာရွက်ပေးလိုက်မှာမဟုတ်ဘူး။ပြောင်းမယ့် ရပ်ကွက်ရုံးမှာလည်း My numberကဒ်ပြလိုက်ရင်ရပြီ.အဲ့ဒါနဲ့အတူ My numberလုပ်တုန်းက သုံးခဲ့တဲ့ PW(ဂဏန်း၄လုံး)လိုမယ်……
—————————————————-
နံပါတ်(၂) 🌸転入届 မြို့ကိုအဝင်ပြတာ။ဇိုင်းလျူးကဒ်နောက်မှာ လိပ်စာသွားထည့်တာကိုပြောတာ။
ကိုယ်ပြောင်းမယ့် နေရာရဲ့ ရပ်ကွက်ရုံးမှာ သွားလုပ်ရတယ်။ဂျပန်လိုဆိုရင် 転入届(てんにゅうとどけ)ဆိုပြီးခေါ်တယ်။
※လိုအပ်တဲ့စာရွက်စာတမ်းတွေကဇိုင်းလျူးကဒ် နဲ့ 転出届書နံပါတ်(၁)လုပ်တဲ့အခါရခဲ့တဲ့စာရွက် လိုပါတယ်။
※အပေါ် မှာပြောခဲ့သလိုပဲ My numberကဒ် နဲ့ 転出လုပ်ခဲ့မယ်ဆိုရင်တော့ My numberကဒ် နဲ့ My numberလုပ်တုန်းက သုံးခဲ့တဲ့ PW(ဂဏန်း၄လုံး)လိုမယ်……
—————————————————-
နံပါတ်(၃) 🌸転居届 အိမ်အဟောင်းပို့လာတဲ့ပစ္စည်းတွေကို အိမ်အသစ်ပြန်ပို့ခိုင်းတာ/လွှဲပြောင်းခိုင်းတာ။
ဒါကတော့ ကိုယ်နေခဲ့တဲ့အိမ်ရဲ့ အနီးဆုံး 郵便局(စာတိုက်) မှာသွားလုပ်လို့ရတယ်။ ကိုယ့်အိမ်ပြောင်းတာကိုမသိဘဲကိုယ့်အိမ်အဟောင်းကို ပို့လာတဲ့စာရွက်တွေကို အလိုအလျောက်စာတိုက်ကနေ အိမ်အသစ်ကို ပြန်ပို့ပေးအောင်လုပ်တာ။ အရမ်းအဆင်ပြေတော့ လုပ်ခဲ့တာကောင်းတယ်။ အွန်လိုင်းကနေလည်း လုပ်လို့ရတယ်…
👇အွန်လိုင်းကနေ 転居届ထပ်လို့ရတဲ့ Website👇
https://www.ekyc.mypost.post.japanpost.jp/etn/
ID မရှိသေးရင်ဒီကနေ ID အရင်လုပ်ဖို့လိုတယ်….
—————————————————-
နံပါတ် (၄) 🌸အိမ်စာချုပ်ဖျက်ခြင်း
များသောအားဖြင့်အိမ်တွေက ၁လအလိုကြို ပြောရတာတွေများတယ်။ အိမ်ပြောင်းမယ်သေချာရင် အနည်းဆုံး ၁လ အလို ကြိုတင်ပြီး ကိုယ်သုံးထားတဲ့ 不動産ကို ဖုန်းဆက်ပြီးဖြစ်ဖြစ် ကြိုပြောထားတာကောင်းတယ်။ အိမ်ကို လာစစ်တာတို့ / လိုအပ်တဲ့စာရွက်စာတမ်းတွေ ပြင်ရတာတို့လည်းရှိနိုင်တာမို့ 引っ越しသေချာပြီဆိုရင် ၁လထက်အရင်ကြိုပြောရင်တော့ အကောင်းဆုံးပေါ့။
—————————————————-
နံပါတ်(၅)🌸 မီး/ဂတ်စ် စာချုပ်ဖျက်ခြင်း
ဒါကတော့ ၁လကြိုလုပ်စရာမလိုဘူး။ဒါပေမယ့်မမေ့ပဲ သေချာဖျက်ခဲ့ဖို့တော့ လိုတယ်နော်။ လုပ်တဲ့နည်းက မီး/ဂတ်စ် ကုမ္ပဏီတွေကို ဖုန်းလှမ်းဆက်ပြီး အိမ်ပြောင်းတော့မယ်/ဆက်မသုံးတော့ဘူးဆိုတဲ့အကြောင်းပြောယုံပဲ။
※ဖုန်းလှမ်းဆက်တဲ့အခါ နောက်ဆုံးလ ရဲ့ Bill စာရွက်ပို့ဖို့ အိမ်လိပ်စာအသစ်မေးလာတတ်တယ်။အိမ်လိပ်စာကိုပြောပြလို့ရသလို / 転居လုပ်ထားပါတယ်ဆိုပြီးပြောလိုက်ရင်လည်းရပါတယ်။(転居ဆိုတာနံပါတ်၃ကလုပ်ငန်းစဥ်နော်)
—————————————————-
နံပါတ်(၆) 🌸အမှိုက်အကြီးတွေပစ်ချင်ရင်
粗大ゴミ回収センターဆိုတာရှိတယ်။အဲ့ဒီကို ဘိုကင်တင်ဖို့လိုတယ်နော်။
မသိရင် ကိုယ်နေတဲ့ ရပ်ကွက်ရုံးကို လှမ်းပြီးဖုန်းဆက်မေးလို့ရပါတယ်။
—————————————————-
နံပါတ်(၇)🌸転職届出 အလုပ်ပြောင်းတာဆိုရင် လဝက ရုံးကို အလုပ်ပြောင်းကြောင်းစာရွက်ထပ်ဖို့လိုပါတယ်။
ဒါကို ဂျပန်လို 転職届出(てんしょくとどけで)လို့ခေါ်ပါတယ်နော်။
転職届出ထပ်ပုံထပ်နည်းကတော့ လဝကရုံးရဲ့ Web site မှာအသေးစိတ်ရေးပေးထားပါတယ်။နားမလည်ရင် လဝကရုံးကို ဖုန်းဆက်မေးလို့လည်းရပါတယ်နော်။
စာရွက်ထပ်ပုံနှစ်မျိုးရှိတယ်။
No(1)က အလုပ်ထွက်ပြီးနောက် အလုပ်ထွက်ကြောင်း တစ်ခါထပ်/ အလုပ်ဝင်ပြီးနောက် အလုပ်ဝင်ကြောင်း တစ်ခါထပ် (စုစုပေါင်းနှစ်ခါထပ်တဲ့ပုံစံရယ်။)
No(2)က အလုပ်ဝင်ပြီးနောက် နှစ်ခုလုံးကို ပေါင်းထပ်တဲ့ပုံစံရယ်။
※ကိုယ်က အလုပ်ထွက်ပြီးနောက်မှာ လနဲ့ချီပြီး အလုပ်ရှာရအုံးမှာ။အလုပ်ဝင်ရမယ့်ကုမ္ပဏီကိုမတွေ့သေးတဲ့အခြေအနေမျိုးဆိုရင်တော့ No(1)ကိုလုပ်ရမှာပါနော်။
အသေးစိတ်ကိုတော့ ဒီ Postထဲမှာရေးထားတယ်..👇
https://www.facebook.com/photo/?fbid=377859261992540&set=a.112423288536140
—————————————————-
နံပါတ်(၈)🌸住所変更 လိပ်စာပြောင်းခြင်း
ကိုယ်ကဘဏ်တစ်ခုခုက ဘဏ်စာအုပ်လုပ်ထားတယ်ဆိုရင် 住所変更(じゅうしょへんこう)သွားလုပ်ထားပေးဖို့လိုပါတယ်နော်။ပြောင်းပြီးတဲ့အိမ်အသစ်ရဲ့ အနီးဆုံးဘဏ်မှာ သွားလုပ်လို့ရပါတယ်။
※လိုတတ်တာတွေကတော့ ဇိုင်းလျူးကဒ်/တံဆိပ်တုံး/ဘဏ်စာအုပ်/ဘဏ်ကဒ်လေးတွေဆောင်သွားနော်။
※နောက် ယာဥ်မောင်းလိုင်စင်ရှိသူက အိမ်ပြောင်းပြီးနောက် နီးစပ်ရာ ရဲစခန်း ဒါမှမဟုတ် 免許センターမှာသွားလိုပ်လို့ရတယ်.. အမတုန်းကတော့ မလုပ်မိလို့ 免許更新はがきရောက်မလာဘဲဖြစ်ဘူးတယ်..သတိတရလေးသွားလုပ်ထားနော်..

======================
🌸🌸🌸Career Linkမိတ်ဆက်🌸🌸
အရင်ဆုံး အလုပ်အကိုင်အကြောင်းဆွေးနွေးလိုပါက Career Link (FB offical page)မှာ သွားရောက်စုံစမ်းနိုင်ပါတယ်..
🔴Facebook Official Page
🔴CAD Design Engineer အလုပ်ခေါ်စာများ
🔴Site Manage Engineer အလုပ်ခေါ်စာများ

အောက်ကမေးလ်ကို CV form ပေးပို့ လျှောက်ထားနိုင်ပါတယ်..
info@careerlink02.com

✨✨✨✨✨✨✨✨
Process
အရင်ဆုံး Career Advisorနဲ့မန်းဒန်းဝင်ကြည့်ပြီးနောက်မှာ Support စမှာဖြစ်ပါတယ်။
入社အထိ အစ-အဆုံး မိတ်ဆက်ခအခမဲ့ဖြစ်ပါတယ်။

✨✨✨✨✨✨✨✨
နေ့တိုင်း အလုပ်အကိုင်ရှာဖွေနေတဲ့သူတွေအတ္ငက် Career Meeting လုပ်ပေးနေပါတယ်။ Career Adviosrနဲ့အတူ မိမိ Careerလမ်းကြောင်းနဲ့ပတ်သက်ပြီးလည်းလာရောက်ဆွေးနွေးနိုင်ပါတယ်…
✅JLPT N3 နဲ့ အထက်
✅ဂျပန်ပြည်တွင်းနေထိုင်သူ
✅IT / CAD / Site Engineer‌အနေနဲ့ လုပ်ငန်းအတွေ့အကြုံ ၁နှစ်နှင့်အထက်
ရှိသူများ အလုပ်အကိုင်မိတ်ဆက်ပေးလျှက်ရှိပါတယ်ရှင့်

コメント