အိမ်ပြောင်းတဲ့အခါမှာသုံးရမယ့် ဂျပန်စကားလုံးလေးတွေ
အိမ်ပြောင်းတဲ့အခါမှာ အသုံးဝင်နိုင်တဲ့ ဂျပန်စကားလုံးတွေ စုထားပေးပါတယ်ရှင့်
—————————————-
(1)引越し(ひっこし)အိမ်ပြောင်းခြင်း
(2)ダンボール箱 (ばこ)ကတ်ထူပုံး
(3)荷物の整理(にもつ の せいり)ပစ္စည်းတွေရှင်းလင်းတာ
(4)大掃除 (おおそうじ) အိမ်သန့်ရှင်းရေး(ပုံမှန်နဲ့မတူပဲနေရာစုံအကုန်သန့်ရှင်းတဲ့အခါသုံးတာ)
(5)家具(かぐ) ပရိဘောဂပစ္စည်း
(6)家電製品(かでんせいひん) အိမ်သုံးလျှပ်စစ်ပစ္စည်း
(7)譲る(ゆずる) (ပစ္စည်းတွေသူများကို)ပေးခဲ့တာ
(8)賃貸物件(ちんたいぶっけん)ငှါးနေတဲ့အဆောက်အဦး
(9)解約(かいやく)စာချုပ်ဖျက်တာ
(10)ガス と 電気の 解約 手続き
(ガス とでんき の かいやく てつづき)
gas နဲ့မီး စာချုပ်ဖျက်တာ
※အိမ်ပြောင်းတဲ့အခါမဖြစ်မနေလုပ်ရတယ်နော်
(11)転出届け(てんしゅつとどけ)မြို့ကနေထွက်မယ်ဆိုတဲ့အကြောင်းစာတင်တာ
※ရပ်ကွက်ရုံးမှာသွားလုပ်ရတယ်နော်။ဒါလည်းဖြစ်မနေလုပ်ရတယ်။
(12)引越し業者(ひっこしぎょうしゃ) အိမ်ပြောင်းပေးတဲ့ကုမ္ပဏီ
(13)見積もり(みつもり)ကုန်ကျမယ့်ခန့်မှန်းငွေ
(14)単身引越し(たんしんひっこし)တစ်ယောက်စာပဲအိမ်ပြောင်းတာ
(15)家族引越し(かぞくひっこし)မိသားစုလိုက်အိမ်ပြောင်းတာ
(16)粗大ゴミ(そだいごみ)အမှိုက်အကြီးတွေ(ပုံမှန်အပတ်တိုင်းပစ်နေတဲ့အမှိုက်နဲ့မတူဘဲ Sizeအရမ်းကြီးတဲ့အမှိုက်တွေကိုပြောတာ(ရေခဲသေတ္တာ/အဝတ်လျှော်စက်/ပရိဘောဂပစ္စည်းတွေ)
※ဒါတွေကအမှိုက်ပစ်ပေးမယ်နေရာဘိုကင်လုပ်ပိုက်ဆံပေးပြီးပစ်ရတာ။ဂျပန်မှာအလကားရတာရှားရှားရယ်
(17)集荷依頼(しゅうかいらい)(Yamato/郵便局ကို)ပစ္စည်းလာယူခိုင်းတာ
※※ပစ္စည်းတွေများပြီး အိမ်ပြောင်းတဲ့အခါပိုက်ဆံတတ်နိုင်ရင်တော့ 引越し業者(အိမ်ပြောင်းပေးတဲ့ကုမ္ပဏီ)ကိုသုံးလို့ရတယ်။ဒါပေမယ့်ပိုက်ဆံကုန်တယ်။ပစ္စည်းနည်းတဲ့သူဆိုရင်တော့ ကိုယ့်ဘာသူ ကတ်ထူပုံးနဲ့ထည့်ပြီး Yamato ဒါမှမဟုတ် ゆうパックနဲ့ပို့လို့ရတယ်။
အိမ်မှာပစ္စည်းတွေထည့်တာအားလုံးပြီးစီးမယ့်ရက်ကို လာယူပေးဖို့ Yamato ဒါမှမဟုတ် ゆうパック ကို ဖုန်းကြိုဆက်ထားပြီးလာယူခိုင်းရုံပဲ။ပြီးရင်ဘယ်ရက်ကိုအရောက်ပို့ပေးပါဆိုပြီးလည်း မှာလို့ရသေးတယ်။အဆင်ပြေမှပြေပဲ။ပစ္စည်းသိမ်းရတာတစ်ခုပဲအလုပ်ရှုပ်တာ
>>ဖုန်းဆက်ရတာအဆင်မပြေတဲ့သူတွေက Onlineကနေ ပစ္စည်းလာယူခိုင်းချင်တယ်ဆိုရင်တော့ အောက်ကလင့်ကနေ ဝင်ပြီးလုပ်ပေးလို့ရပါတယ်..
yamato
https://shuka.kuronekoyamato.co.jp/…/TopAction_doInit…
ゆうパック
https://mgr.post.japanpost.jp/C20P02Action.do?ssoparam=0…
ဒီနေ့တော့ဒီလောက်ပဲနော် See u next time





အရင်ဆုံး အလုပ်အကိုင်အကြောင်းဆွေးနွေးလိုပါက Career Link (FB offical page)မှာ သွားရောက်စုံစမ်းနိုင်ပါတယ်..
🔴Facebook Official Page
🔴CAD Design Engineer အလုပ်ခေါ်စာများ
🔴Site Manage Engineer အလုပ်ခေါ်စာများ
အောက်ကမေးလ်ကို CV form ပေးပို့ လျှောက်ထားနိုင်ပါတယ်..
info@careerlink02.com
✨✨✨✨✨✨✨✨
Process
အရင်ဆုံး Career Advisorနဲ့မန်းဒန်းဝင်ကြည့်ပြီးနောက်မှာ Support စမှာဖြစ်ပါတယ်။
入社အထိ အစ-အဆုံး မိတ်ဆက်ခအခမဲ့ဖြစ်ပါတယ်။
✨✨✨✨✨✨✨✨
နေ့တိုင်း အလုပ်အကိုင်ရှာဖွေနေတဲ့သူတွေအတ္ငက် Career Meeting လုပ်ပေးနေပါတယ်။ Career Adviosrနဲ့အတူ မိမိ Careerလမ်းကြောင်းနဲ့ပတ်သက်ပြီးလည်းလာရောက်ဆွေးနွေးနိုင်ပါတယ်…
✅JLPT N3 နဲ့ အထက်
✅ဂျပန်ပြည်တွင်းနေထိုင်သူ
✅IT / CAD / Site Engineerအနေနဲ့ လုပ်ငန်းအတွေ့အကြုံ ၁နှစ်နှင့်အထက်
ရှိသူများ အလုပ်အကိုင်မိတ်ဆက်ပေးလျှက်ရှိပါတယ်ရှင့်
コメント