Knowledge-sharing

Knowledge shareနဲ့အလုပ်ခေါ်စာတွေတင်ဖြစ်နေတော့ ဒီနေ့တော့ ပေါ့ပေါ့ပါးပါးပဲ ဂျပန်ရာသီနဲ့ အဲ့ဒီရာသီတွေမှာ ဘာတွေလုပ်တတ်ကြလဲဆိုတာလေးမျှဝေပေးမယ်နော်….

ဂျပန်မှာရာသီလေးမျိုးရှိတာ အားလုံးသိပြီးဖြစ်မှာပါ..

=========================

春-はる(3月~5月)さくら🌸တွေပွင့်တဲ့ရာသီ(နွေဦးရာသီ

ဘယ်လိုတွေနွေဦးရာသီကို ကုန်ဆုံးကြသလဲ???

⭕️花見(はなみ):ပန်းကြည့်ပွဲတော်

⭕️ 入学式・入社式:ကျောင်းဖွင့်ပွဲ/ ဝန်ထမ်းသစ်ကြိုဆိုတဲ့ပွဲ

⭕️ゴールデンウィーク:Golden week(ပိတ်ရက်ရှည်)

4လပိုင်းမှာ ကျောင်းသားတွေ / ကျောင်းပြီး 社会人ဖြစ်မယ့်သူတွေက 生活အသစ်ကိုစမယ့်အတွက် ワクワクဖြစ်နေကြပြီး 社会人(အလုပ်လုပ်နေတဲ့သူ) တွေကတော့ ပိတ်ရက်ရှည်နဲ့ခရီးတွေထွက်ကြပျော်ဖို့ကောင်းတဲ့ကာလလေးဖြစ်ပါတယ်.. ရာသီဥတုကလည်း နေလို့ကောင်းအရမ်းကောင်းတဲ့ ရာသီဥတုလေးဖြစ်ပါတယ်..

=========================

夏-なつ(6月~8月)အပူချိန်မြင့်လာပြီးမိုးများတဲ့အခါတွေလည်းရှိတဲ့ရာသီ ☔(နွေရာသီ)

ဂျပန်မှမိုးရာသီလို့သီးသန့်အခေါ်အဝေါ်မရှိပေမယ့် ၆လပိုင်းကနေ တစ်ဖြည်းဖြည်းအပူချိန်လည်းမြင့်လာပြီးမိုးများတဲ့ရက်တွေလည်းရှိလာပြီဖြစ်ပါတယ်…

ဘယ်လိုတွေနွေရာသီကို ကုန်ဆုံးကြသလဲ???

⭕️七夕(たなばた):Tanabataပွဲတော်

⭕️花火大会:မီးပန်းပွဲတော်

⭕️お盆(ぼん):အိုဘွန်းပွဲတော်(ပိတ်ရက်ရှည်လည်းရှိ)

⭕️夏祭り:နွေရာသီပွဲတော်(Yukataလေးတွေဝတ်/ယပ်တောင်လေးတွေကိုင်းပြီး神社သွားတာတို့ပွဲတော်ကိုဆင်နွှဲကြတဲ့သူတွေလည်းအများအပြားပဲ)

=========================

秋-あき(9月~11月)Momiji ရာသီ🍁 

(ဆောင်းဦးရာသီ)

ပူပြင်းတဲ့နွေရာသီကနေ တစ်ဖြည်းဖြည်းအပူချိန်လျော့ကျလာပြီးနေလို့ကောင်းလာတဲ့ရာသီ

ဘယ်လိုတွေဆောင်းဦးရာသီကို ကုန်ဆုံးကြသလဲ???

⭕️十五夜(じゅうごや):団子🍡စားရင်လကြည့်ပွဲ

⭕️ 運動会(うんどうかい):ကျောင်းတွေမှာအားကစားပွဲတွေလည်းဆင်နွှဲကြတယ်..

⭕️紅葉狩り(もみじがり):Momijiပွဲတော်

⭕️ ハロウィン:Halloween

=========================

冬-ふゆ(12月~2月) နှင်းတွေနဲ့ အလွန်အေးတဲ့ရာသီ⛄ (ဆောင်းရာသီ)

ခိုက်ခိုက်တုန်အောင်အေးပြီး နှစ်ကုန်နှစ်သစ်ပွဲတော်တွေများတယ်..

ဘယ်လိုတွေဆောင်းရာသီကို ကုန်ဆုံးကြသလဲ???

⭕️クリスマス:Illuminationတွေနဲ့လှနေတဲ့ Xmasပွဲတွေ

⭕️大晦日(おおみそか):年越しそばကိုစားပြီးနှစ်သစ်ကိုကြိုဆိုကြမယ်..

⭕️お正月(しょうがつ):初詣(はつもうで)သွားကြတယ်/おせち料理စားကြတယ်..

⭕️雪まつり(ゆきまつり):နှင်းများတဲ့နေရာမှာ နှင်းပွဲတော်/နှင့်ကြည့်ပွဲတော်တွေကျင်းပကြတယ်..

ကဲဒါဆို ဘယ်ရာသီအကြိုက်ဆုံးဖြစ်မလဲ??

ဘယ်ပွဲတော်ရော ကိုယ်ကိုတိုင်ဆင်နွှဲချင်ကြသလဲ??

ပါဝင်ဆင်နွှဲကြည့်ချင်တဲ့ပွဲတော်ရှိရင်လည်းအသေးစိတ်ပြန်ရှာကြည့်ကြည့်နော်…

Career Linkမှာတော့ ဂျပန်ပြည်တွင်းအလုပ်ရှာ/အလုပ်ပြောင်းသူများအတွက်Work visa အင်ဂျင်နီယာအလုပ်အကိုင်များမိတ်ဆက်ပေးနေပါတယ်…IT Engineer/CAD Engineer/Site Manage Engineer စတဲ့အလုပ်အကိုင်များကို Career Advisorမှ Casual meeting ဝင်ပြီးနောက် ရွေးချယ်မိတ်ဆက်ပေးနေပါတယ်ရှင့် ဒီမှာလာရောက်စုံစမ်းပါ… Career Link FB Page

 

 

コメント