Knowledge-sharing

အားလုံးပြောပြောနေတဲ့ ခဆွတ်ဒိုးဗီဇာဆိုတာ???

တကယ်တော့ ခဆွတ်ဒိုးဗီဇာ(特定活動)လို့လွယ်လွယ်ခေါ်နေတဲ့ ဗီဇာက ဘာအတွက်ရည်ရွယ်ပြီးထုတ်ပေးထားတာပေါ် မူတည်ပြီး အမျိုးအစားတွေ အများကြီးရှိပါတယ်…
လွယ်လွယ်ပြောရရင်
■နိုင်ငံပြန်ဖို့ အခက်အခဲရှိတဲ့အတွက် ထုတ်ပေးထားတဲ့ ဗီဇာ=ခဆွတ်ဒိုးဗီဇာ
■အလုပ်ပြောင်းဖို့ရဖို့အတွက်ယာယီလျှောက်တဲ့ အလုပ်ရှာတဲ့ဗီဇာ=ခဆွတ်ဒိုးဗီဇာ
■技能実習(ဂီနိုးဂျစ်ရှုး) အပြီး 特定技能1号(တိုခုတဲဂီနိုး) မပြောင်းခင်ထုတ်ပေးတဲ့ဗီဇာ=ခဆွတ်ဒိုးဗီဇာ
လို့ခေါ်ကြပါတယ်..
ခဆွတ်ဒိုးဗီဇာအမျိုးအစားတွေ 法務省ကပြထားတဲ့SSကိုကွန်းမန့်မှာကြည့်ကြည့်ပါ…..
နောက်ပြီး မြန်မာအနေနဲ့ဆိုရှားပေမယ့် Working holiday/ 特定活動46号 (N1特定活動လို့လည်းခေါ်ပါတယ်…) ဒါတွေလည်း ခဆွတ်ဒိုးဗီဇာလို့ပဲခေါ်ပါတယ်…
================
🚨🚨ဘာဗီဇာကိုင်ထားလဲ?? ခဆွတ်ဒိုးဗီဇာပါ….လို့ပြောရုံနဲ့တစ်ဖက်လူနားမလည်နိုင်တဲ့အတွက်
ခဆွတ်ဒိုးဗီဇာကို ဘယ်လိုအမျိုးအစားလဲ /ဘာအကြောင်းအရင်နဲ့ထုတ်ပေးထားတာလဲ??
သက်တမ်းဘယ်လောက်ရသလဲ??? အလုပ်ချိန် ကန့်သတ်ချက်ရှိသလား??? ဒါတွေကို နားလည်အောင်လုပ်ထားဖို့လိုပါတယ်..
================
ကဲဒါဆို ခဆွတ်ဒိုးဗီဇာတွေထဲမှာမှ တွေ့ရများတဲ့ ခဆွတ်ဒိုးဗီဇာအနည်းငယ်ကို ထုတ်ယူရှင်းပြပေးမယ်နော်….
❶就職活動ビザ(特定活動)
🔵在留期間:最長で1年(6ヶ月+6ヶ月)
🔵就労時間:တစ်ပတ်28နာရီအတွင်း アルバイトOK
      ※資格外活動許可ယူပြီး အချိန်ပိုင်းလုပ်လို့ရပါတယ်..
28hr ကိုကျော်သွားရင် 更新လုပ်ဖို့မလွယ်တဲ့အတွက်သတိထားပါ.🚨🚨
ဂျပန်နိုင်ငံက 大学、専門学校ပြီးထားတဲ့သူ /
မိမိနိုင်ငံမှာတက္ကသိုလ်ပြီးထားပြီးဂျပန်နိုင်ငံမှာဂျပန်ဘာသာစကားကျောင်းပြီးထားတဲ့သူ
ဆက်ပြီးတော့ 就職活動လုပ်ဖို့အတွက် ပေးတဲ့ 特定活動Visaဖြစ်ပါတယ်
အပေါ်နဲ့အတူတူပဲ 就職活動တင်မဟုတ်ဘဲ 進学ရဲ့ကြားထဲမှာ Visaလိုအပ်ရင်လည်း 特定活動Visaလျှောက်ထားလို့ရပါတယ်….
❷帰国困難特例装置ビザ(特定活動)
🔵在留期間:原則 1年
🔵就労時間:Full timeအနေနဲ့အလုပ်လုပ်လို့ရ။
မြန်မာနိုင်ငံအခြေအနေကြောင့် မြန်မာလူမျိုးတွေအတွက်သီးသန့် ဂျပန်အစိုးက ယာယီထုတ်ပေးထားတဲ့ဗီဇာဖြစ်ပါတယ်… အားလုံးသိပြီးသားဖြစ်မယ်ထင်ပါတယ်…
※အခြေအနေပေါ် မူတည်ပြီး ၆လပဲထုတ်ပေးတာ / ၂၈နာရီပဲအလုပ်လုပ်ရတာမမျိုးလည်းရှိပါတယ်..
❸特手技能1号へ移行するため準備Visa(特定活動)
🔵在留期間:4ヶ月(အရင်6ヶ月ပေးရာကနေ 令和6年1月9日ကနေစပြီး 4ヶ月ကိုပြောင်း)
🔵就労時間:Full timeအနေနဲ့အလုပ်လုပ်လို့ရ။
တိုဂီတဲဂီနိုးကိုပြောင်းဖို့ ဗီဇာသက်တမ်းမကုန်ခင်အထိစာရွက်စာတမ်းမစုံသေးတဲ့အခါမှာ လျှောက်ထားလို့ရတဲ့ဗီဇာဖြစ်ပါတယ်…
ဥပမာ-ဂီနိုးဂျစ်ရှုးနဲ့လာတယ်..ပြီးသွားတဲ့ 特定技能ကိုပြောင်းချင်တယ်..ဒါပေမယ့် တိုခုတဲဂီနိုးအောင်လက်မှတ်မယူရသေးတဲ့အခါလိုမျိုးမှာထုတ်ပေးပါတယ်…
❹その他
အသိနည်းပေမယ့် ဒီလိုဗီဇာမျိုးလည်းရှိပါတယ်..
➤Working holiday (特定活動)
နှစ်နိုင်ငံသဘောတူညီချက်ယူပြီးနားရက်မှာအပန်ဖြေရင် ယဥ်ကျေးမှုကိုလေ့လာရင် အလုပ်လုပ်လို့ရတဲ့ဗီဇာဖြစ်ပါတယ်..စုကတော့ အလုပ်မိတ်ဆက်ပေးရင် ဒီဗီဇာကိုင်ထားတဲ့ ကိုရီးယား
တွေကို တွေ့ဖူးပါတယ်..နိုင်ငံကိုလိုက်ပြီး သတ်မှတ်ချက်အနည်းငယ်ကွဲပြား။(မြန်မာတော့မရှိပါ)
➤特定活動46号
ဒါကို N1活動Visaလို့ခေါ်ပါတယ်..
ဂျပန်တက္ကသိုလ်မှာကျောင်းပြီးထားတဲ့သူတွေနဲ့ N1ကိုင်ထားတဲ့သူတွေလျှောက်လို့ရပါတယ်..
ဒီဗီဇာက ကျောင်းပြီး 技術・人文知識・国際業務နဲ့အလုပ်တော်တော်နဲ့မရတာတို့ /နောက်ပြီးစားသောက်ဆိုင် / コンビ二Work visaနဲ့ဆို တရားဝင်မရတဲ့အလုပ်မျိုးကိုလည်း တရားဝင်လုပ်လို့ရတဲ့ဗီဇာဖြစ်ပါတယ်..
လျှောက်ရမယ့် သတ်မှတ်ချက်မြင့်တာရယ်// 単純作業လုပ်ချင်တဲ့သူ နည်းတာရယ်ကြောင့်သိပ်ပြီးလျှောက်တဲ့သူမရှိဘူးလို့မြင်ပါတယ်…
ကဲဒါဆိုရင်တော့ ခဆွတ်ဒိုးဗီဇာလို့ခေါ်လည်းပဲ အမျိုးအစားတွေအမျိုးမျိုးရှိတယ်ဆိုတာ အနည်းနဲ့အများတော့ သိသွားပြီလို့ထင်ပါတယ်…
ကိုယ်ယူထားတဲ့ ခဆွတ်ဒိုးဗီဇာ ဘာမျိုးအစားလဲ ဆိုတာ သိအောင်လုပ်ထားနော်..
See you !!!
======================
🌸🌸🌸Career Linkမိတ်ဆက်🌸🌸
အရင်ဆုံး အလုပ်အကိုင်အကြောင်းဆွေးနွေးလိုပါက Career Link (FB offical page)မှာ သွားရောက်စုံစမ်းနိုင်ပါတယ်..
🔴Facebook Official Page
🔴CAD Design Engineer အလုပ်ခေါ်စာများ
🔴Site Manage Engineer အလုပ်ခေါ်စာများ

အောက်ကမေးလ်ကို CV form ပေးပို့ လျှောက်ထားနိုင်ပါတယ်..
info@careerlink02.com

✨✨✨✨✨✨✨✨
Process
အရင်ဆုံး Career Advisorနဲ့မန်းဒန်းဝင်ကြည့်ပြီးနောက်မှာ Support စမှာဖြစ်ပါတယ်။
入社အထိ အစ-အဆုံး မိတ်ဆက်ခအခမဲ့ဖြစ်ပါတယ်။

✨✨✨✨✨✨✨✨
နေ့တိုင်း အလုပ်အကိုင်ရှာဖွေနေတဲ့သူတွေအတ္ငက် Career Meeting လုပ်ပေးနေပါတယ်။ Career Adviosrနဲ့အတူ မိမိ Careerလမ်းကြောင်းနဲ့ပတ်သက်ပြီးလည်းလာရောက်ဆွေးနွေးနိုင်ပါတယ်…
✅JLPT N3 နဲ့ အထက်
✅ဂျပန်ပြည်တွင်းနေထိုင်သူ
✅IT / CAD / Site Engineer‌အနေနဲ့ လုပ်ငန်းအတွေ့အကြုံ ၁နှစ်နှင့်အထက်
ရှိသူများ အလုပ်အကိုင်မိတ်ဆက်ပေးလျှက်ရှိပါတယ်ရှင့်

コメント